ဒီ တခါလည်းပဲ ဆိုဒ်ရဲ့အောင်မြင်မှူ့လမ်းစ တစ်ခု အတွက် ဒီဆိုဒ်လေးရဲ့ နွေးထွေစွာ လက်ကမ်းကြိုဆိုမှူ့ အပေါ်
တက်သစ်စ ဖြစ်သော အဖွဲ့တစ်ဖွဲ့မှ အဆိုတော် နောင်ကြီးနှင့် စာဖတ်ပရိပ်သက်တို့ကို မိတ်ဆက်ပေးစေချင်ပါတယ် ။
ကဲ ဗျူးထားတာလေးတွေ ခစားတော် မူကြပါဦးလား ခင်ညာ ။
ခုလောလောဆယ်တော့ ဒေါင်းဖို့ သီချင်း အနည်းငယ် တင်ပေးလိုက်ပါ့မယ် သီချင်းနာမည်များကို ကလစ်၍ ဒေါင်းလော့ရယူနိုင်ပါသည်ခင်ဗျာ..။
မေးချင်တာ မေးမယ် ဖြေချင်တာဖြေ ပေါ့ဗျာ ပရိပ်သက်တွေ အတွက်ပဲ မဟုတ်လား (ဟိဟိ) ။
ဟိဟိ ဟုတ်ပါတယ် ခင်ဗျာ ခုဆိုရင် အကိုတို့ရဲ့ အဖွဲလေးဟာ တော်တော်လေး အောင်မြင်လာပြီးနော် သီချင်းတွေလည်း တော်တော်များပြီး ဆက်ပြီးတော့ ဘာလုပ်မယ် စိတ်ကူးထားပါလည်း အခွေထုတ်ဖို့ အစီအစဉ်ရှိပါလား။
ကျွန်တော်တို.ဒီလမ်းလျှောက်ကတည်းက အရာရာအားနည်းတယ် အဖက်ဖက်မှာပေါ့ ဒါပင်မယ့် အားလုံးကတော့ ခွေကြမ်းလေး တစ်ယောက်တစ်ခွေစီထုတ်ဖို.တော့ စီစဉ်နေပါတယ် အကိုတို့ရဲ့ သီချင်း တွေကို အွန်လိုင်း မှာ ဘယ်ချိန် ဘယ်တုန်းက စပြီး ဖြန့်ခဲ့တာပါလဲ သိပါရစေ ။
၂၀၁၀ (၁၀)လပိုင်းလောက်ကပါ အကိုတို့ ရဲ့ အဖွဲ နာမည် ကို ဘယ်လို ပေးထားပါလည်း ဘာစိတ်ကူးနဲ့ အဲ့နာမည်ကို မှဲ့ထားတာပါလည်းခင်ဗျာ။
ကျွန်တော်တို. အဖွဲ.နာမည် က (Younger) ပါ ၊သီချင်းစလုပ်တုန်းက ပိုင်ဟိန်းနဲ.ကျွန်တော်နဲ.နှစ်ယောက်တည်း အဲ့တုန်းက ပိုင်ဟိန်းက (10)တန်းပဲရှိသေးတယ် သူကမင်းဘယ်လိုပေးချင်လဲမေးတော့ အဲ့နာမည်လေးဖြစ်လာတာပါ အကိုတို့ အဖွဲမှာက အဖွဲ့ဝင် ဘယ်နှစ်ယောက် ရှိလည်း ။
အရင်ကတော့ ၂ယောက် အခုတော့ အဖွဲ.၀င်က ၄ယောက်ပါ ၊ အဖွင့်ဝင်အားလုံးရဲ့ နာမည်တွေ သိပါရစေ ။
ပေါက်စ၊ပိုင်ဟိန်း၊Crazy၊နောင်ကြီး(ကျွန်တော်ပေါ့ ဟိဟိ) သီချင်းတွေကော် ထက်လုပ်ဖို့ ရှိပါသေးလား ခင်ဗျာ ။
ကျွန်တော်လုပ်ချင်တဲ့ အကြောင်းအရာတွေကတော့အများကြီးပဲ လုပ်ဖို.လည်းရှိပါတယ်၊သေသေသပ်သပ်နဲ.လက်ခံနိုင်လောက်တဲ့အတိုင်းအတာမျိုးရှိတဲ့ သီချင်းပုံစံမျိုးလေးတွေ။ ဘယ်လို သီချင်းမျိုးတွေ ထက် လုပ်မှာပါလဲ ။
အချစ်သီချင်းတွေ(အဓိပ္ပါယ် မတူတာလေးတွေပေါ့) ပြီးတော့ အောက်ခြေကလူတွေရဲ.အကြောင်းအမျိုးမျိုး၊သူများကိုပုတ်ခတ်တဲ့သီချင်းတော့မဆိုချင်ဘူး ပြီးတော့ life ဆန်ဆန်လေးတွေ အစုံပေါ့လုပ်ချင်တာတွေကတော့ ဟိဟိ အကို တို့ အဖွဲ့ ရဲ့ သီချင်း တော်တော် များများက အသည်းကွဲ သီချင်းတွေ ပဲလို့ ကျွှန်တော် ထင်တယ် ဘယ်သူတွေကများ အသည်းကွဲနေတာပါလဲ ပြောပြလို့ ရမလား။
ဟိဟိ ဘယ်သူမှမကွဲပါဘူး ဒါပင်မယ့် ကျွန်တော်တို.သီချင်းလေးတွေက အသဲကွဲနေတဲ့လူတွေအတွက် ဖြေဆေးလေးဖြစ်လာရင်ပဲ ကျေနပ်မိပါတယ် အကို ရဲ့ ဒီအဖွဲ့လေးကို စ တည်ထောင် ခဲ့ဖြစ် ပုံကို တစိတ်လောက် ပရိပ်သတ်တွေကော် ကျွှန်တော်ရော သိရအောင် ရှင်းပြပေးပါလား အဖွဲ.လေး စဖြစ်တာက ငပိုင်(ပိုင်ဟိန်း) က ဆေးအရင်ထိုးတာ ကျွန်တော့်ကို (မင်းက စာတွေဖတ် ကဗျာတွေရေး နဲ. သီချင်းကောမရေးချင်ဘူးလားတဲ့) လုပ်ချင်ပါတယ်လို.ပြောတော့ အဲ့ကနေစခဲ့တာပါ၊ပြီးတော့ (ပေါက်စ)ကအကိုလေ သူက သီချင်းအရမ်းနားထောင်တော့ ကျွန်တော်တို.သီချင်းတွေကို ဝေဖန်ပေးတယ် နောက်ပိုင်းသူလည်းအဖွဲ.ထဲဝင်လာတယ်။ သီချင်းကဆိုသာဆိုနေတာ ဘားမှမလုပ်တတ်ဘူး အဲ့အချိန်မှာ (ပေါက်စ)က သူ.သူငယ်ချင်း Crazy ကို (ပေးဆပ်သူ) ဆိုတဲ့သီချင်းပို.ပေးတော့ သူကအရမ်းကြိုက်တယ် ဘာတယ် ညာတယ်ပေါ့ ပြီးတော့ ဆိုဒ်ပေါ်တင်ပေးတယ်။Crazy ကလည်း ကျွန်တော်နဲ.ကျောင်းနေဖက်ပဲ အားလုံးက ညီအကိုလိုတွေပဲဆိုတော့ အပြောအဆိုတွေက မစိမ်းဘူး၊နောက်ပိုင်း Crazy လည်းပါလာတယ်။ ဒီကနေပြောချင်တာကတော့ ကျွန်တော်တို. (Younger) အဖွဲ.မှာ ပေါက်စ၊ပိုင်ဟိန်း၊Crazy၊နောင်ကြီး (၄)ယောက်ထဲပါပဲ ဘယ်သူမှအပိုမပါ ပါဘူး၊ အောင်မြင်ကျော်ကြား သော အဆိုတော် တစ်ယောက်ဖြစ်လိုပါသလား ဘယ်လို ရည်မှန်းချက်မျိုးနဲ့ အကို ဒီ ဂီတ အနုပညာ လမ်းကို လျှောက်လှမ်းနေပါလည်း ခင်ဗျာ။
ကျွန်တော်ကတော့ ကိုယ်ပေးဆပ်ရင် ပေးဆပ်သလောက်ပြန်ရမယ်။ ပြိုင်ပွဲဆိုတာယှဉ်ပြိုင်ပြီဆိုကတည်းက ဆု တော့လိုချင်တဲ့လူတွေကြီးပဲလေ ဒါပင်မယ့် ကိုယ့်မှာအဲ့ဒါရဖို.အစွမ်းအစ။အရည်အချင်း၊ပါရမီ။ယုံကြည်ချက်၊အခြေအနေနဲ့ အချိန်ခါ အဲ့လိုအရာလေးတွေ ရှိသင့်တယ်လေ အဲ့ဒါလေးတွေ မရှိရင်တော့ မလွယ်ကူလောက်ဘူးပေါ့ ကျွန်တော်လည်း ထိုနည်းပါပဲ။ ကျွန်တော်က ဂီတ ဆို အကုန်ကြိုက်တယ်။ဒါပင်မယ့် အရှေ.ကိုတိုးချင်သော်လည်း အနောက်မှာကချွင်းချက်တွေရှိသေးတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုညှိနေရတယ်။ကျွန်တော် ဒီ ဂီတ လမ်းကိုလျှောက်နေတာ အပေါ်မှာဖြေခဲ့သလိုပေါ့ အရာရာအားနည်းတယ် ဒါပင်မယ့် ရူးသွပ်မှု တစ်ခုအတွက်နဲ. ဒီလောက်ထိတောင့်ခံနေတာ၊ အကို့ ရဲ့ အဖွဲ့ ပေါ် ဘယ်လို မြင်ပါလဲ ဘယ်လို ဝေဖန် ချင်ပါသလည်း ။
ကျွန်တော်ရဲ.အဖွဲ.သားအားလုံးကိုအရင်တောင်းပန်ပါတယ်(တစ်ခုခုလုပ်တော့မယ်ဆို အရမ်းညှိနေရတယ်၊တစ်ခါတစ်လေအဆင်မပြေဖြစ်တယ်၊အားလုံးက မအားတာကများတယ်၊ပြီးတော့ သီချင်းပေါ်အချိန်ပေးဖို.၀န်လေးနေကျတယ်၊အဲ့ဒီအတွက် သီချင်းက ထင်သလောက်မလုပ်နိုင်ဘူး မထွက်လာဘူး။သူတို.ဘက်မှာလည်း အခက်ခဲတွေရှိတာ နားလည်ပါတယ် ကျွန်တော့်မှာလည်းအခက်ခဲတွေရှိပါတယ်။လူဆိုတာကတော့ အနည်းနဲ.အများရှိတာပဲ။အဖွဲ.ကတစ်ခါတစ်လေအရမ်း စည်းလုံး ပြီး တစ်ခါတစ်လေ နားလည်ရအရမ်းခက်တယ်။ဒါပင်မယ့် ၄ယောက်စုံပြီဆိုရင်တော့ အရမ်းပျော်ရတယ်။တစ်ခုမဟုတ်တစ်ခုတော့ ထူးထူးခြားခြားဖြစ်တယ် အမြဲစည်းစည်းလုံးလုံးနဲ.နေပေးပါလို.ပဲ ကိုယ့်အဖွဲ.ကို ပြန်ပြီးဝေဖန်ချင်ပါတယ်.. တကိုယ်တော် သီချင်းတွေကော် ဆိုဖို့ ရှိလား ခင်ဗျာ ။ ကျွန်တော့် ခွေကြမ်းလေး လုပ်နေပါတယ် သီချင်း(၇)ပုဒ်ပါတယ်။ အရင်လုပ်ခဲ့တဲ့ပုံစံမျိုးတွေမဟုတ်ဘူုး အရေးအသား၊creation၊eddit အစစအရာရာထူးထူးခြားခြားလေး လုပ်နေပါတယ်၊ပထမဆုံးခွေကြမ်းလေးပါ။ အကို ဒီ သီချင်း ဆိုဖြစ်ဖို့ကို ဘယ်ချိန်လောက်ကထဲက အားယူခဲ့၇လည်း ဒီလိုဗျာ ဒီအနုပညာ လောက ထဲကို ဘယ်နှစ်ခုနှစ် ကထဲလောက်က ဝင်ရောက်ခဲ့တာလည်း။ ၂၀၁၀ (၇) လပိုင်းက စ၀င်ခဲ့တာပါ။ အချိန်တော့ မယူခဲ့ဘူး။ ၂၀၁၀(၇)လပိုင်း ၁၇ ရက်နေ.မှာ သီချင်းစသွင်းတယ် အဲ့သီချင်းကလည်း မနေ.ညကသီချင်းရေးတယ်ဒီနေ.အသံသွင်းတယ်။အဆင်တော့မပြေဘူး၊သင်ခန်းစာရအောင် သွားသင်တဲ့သဘောပါ။အဲ့သီချင်းကို စိတ်ကြိုက်နားထောင်တယ် ပြီးတော့ ဒေတာ ရိုက်ချိုးတယ် ........ အကို က ခုမှ စ ကြိုးစား အောင်မြင်ခါ စ ရှိသေးတာဆိုတော့ ဘယ် အနေအထားလောက်ထိ ရပ်တည်မလည်း ဒီ ဂီတာ လောက နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုမှာလား ။ သိပါရစေ ခင်ဗျာ ။
အခြေအနေနဲ.အချိန်အခါကပဲဆုံးဖြတ်ပေးသွားမှာပါ ကျွန်တော်လည်းမပြောတတ်ဘူး ရသလောက်တော့ လုပ်သွားချင်တယ်။ဒီလောက် အဆိုတော်တွေ မှိုလိုပေါက်နေတဲ့ခေတ်ကြီးမှာ အသက်မွေးဝမ်းကြောင်းပြုဖို.ဆိုတာလည်းမလွယ်သလို၊ကျွန်တော် ဒီဂီတ ကို လုပ်ကတည်းက ရူးသွပ်မှုတစ်ခုတည်းပါ ကျန်တာတွေမပါ ပါဘူး။ကိုယ့်သီချင်းတွေကိုနားထောင်ပေးတဲ့သူတွေကိုအမြဲ ပေးဆပ်ချင်တဲ့စိတ်ပဲရှိတယ်။လျှာအရိုးမရှိတဲ့ပြောတိုင်းမဟုတ်ပါဘူး။ ခု ဆိုရင် အကို ပါဝင် တီးဆိုထားတဲ့ သီချင်းတွေ ကို Flashsongs တွေနဲ့လည်း တွေ့ရပါတယ် အကို့ရဲ့ အောင်မြင်မှူ့ လမ်းစအပေါ် အကို့ သဘောထား အမြင်လေးကကော် ဘယ်လို ရှိလည်း မသိဘူး ဖြေကြားပေးလို့ ရမလား ခင်ဗျာ ။ လမ်းမှန်ကိုပဲလျှောက်နေပါတယ် ဖြစ်လာတာမဖြစ်လာတာတော့ မသိဘူး။အရင်ကတော့ ဘာပဲလုပ်လုပ်ပေါ့လျော့ခဲ့တယ် အဲ့ဒါတွေကိုပြန်ပြီး သင်ခန်းစာယူတယ် ပြန်ပြီးသုံးသပ်တယ် ဆုံးဖြတ်တယ် ကိုယ့်ကိုကိုယ်ဝေဖန်သလို အများကလည်းဝေဖန်ပေးကြတယ် သူတို.တွေကိုကျေးဇူးတင်ပါတယ် ပရိတ်သတ်ဆိုတာ အနုပညာသမားတွေရဲ.အသက်ပါပဲ။အခုချိန်မှာတော့ ကျွန်တော်ကဘားမှမဟုတ်သေးပါဘူး ဒါပင်မယ့် သူတို.ရဲ. အားပေးစကားကြားရင် အလိုလိုကြည်နူးမိတယ်၊ကိုယ်လုပ်သလောက်လေးသူတို.လက်ခံပေးတယ်ဆိုတဲ့အပေါ်မှာလည်း ပီတိ ဖြစ်မိပါတယ်။ အကို့ ရဲ့ အဓိက ဝါသနာ အကို ကြိုက်နှစ်သက်တာလေးတွေ အကို စိတ်အားထက်သန် တာလေးတွေပေါ့ဗျာ ဘာတွေ များပါလည်း ။ အဓိက ကတော့ စာအုပ်ဖတ်တာပါ၊သူငယ်ချင်းတွေရှိရင် ဘောလုံးကန်တယ်။ tea ဆိုင်ထိုင်တယ်၊သူများကိုကူညီချင်တယ် တတ်နိုင်သလောက်လေးပေါ့၊(ဟိဟိ) ပြောရရင်တော့ အများကြီးပဲ အကိုက ပျော်ပျော် နေတက်လား စိတ်ညစ်တဲ့ အခါ အရမ်း ပင်းပန် မွန်ကျက် တဲ့ အခါ မှာ ဆို အကို ဘာကို လုပ်နေတက်လည်း ။
ပျော်ပျော်ပဲနေတတ်ပါတယ် စိတ်တွေမွန်းကျပ်တဲ့အခါမှာတော့ စာတွေလျှောက်ရေးတယ်၊သီချင်းတွေနားထောင်တယ်၊သီချင်းတွေအော်ဆိုတယ် အားရပါးရပေါက်ကွဲတယ်၊ဟိဟိ တစ်နေ့တာ အကို့ ရဲ့ အွန်လိုင်း သုံစွဲချိန် လိုင်းပေါ်မှာ ဘာတွေ လုပ်ဖြစ်ပါလည်း (ကောင်မလေးတွေနဲ့ကြူတာမဖြေလည်းရတယ်နော်) ပြောပြပေးလို့ ရမလားခင်ဗျာ ပရိပ်သက် အတွက်ပါ ။ ရော် ဖြေရခက်တဲ့မေးခွန်းကြီး (ဟိဟိ) မကြူပါဘူးဗျာ သီချင်းတောင်းထားတဲ့လူတွေကို ပို.ပေးတယ်၊ စာတွေတင်တယ် ကဗျာတွေတင်တယ် သီချင်းကိုဝေဖန်ခိုင်းတယ် ဝေဖန်ပေးတယ် အပြန်အလှန်ဆွေးနွေးတယ်၊ဒီလောက်ပါပဲ (ဟိဟိ) အသံပိုင်း အနေနဲ့ အကို ဘယ်လို ဂရုစိုက်မှူ့လေးတွေ လုပ်ဖြစ်ပါလည်း အသံ ကျတာတို့ အသံဝင်တဲ့ အခါတို့ ရှိလား ။ ကျွန်တော်က ဆေးလိပ့်အရမ်းသောက်တယ် ဒီတော့ နဲနဲတိုင်ပတ်တယ် ရေခဲရေလည်းမရှောင်ဘူး၊အသံဝင်တာတော့ နည်းပါတယ် ဂရုမစိုက်မိတဲ့အခါမှတော့ အသံကျတယ်။ သိသိချင်း ပြန်ပြီးဆင်ခြင်ရတယ်၊ကျွန်တော်က မယ်လိုဒီ အဆိုနည်းတယ် Rap လောက်ပဲဖြုတ်တော့ မယ်လိုဒီသမားလိုကြီးတော့ အထူးဂရု တွေမလုပ်တော့ဘူး:) ခုခောတ်မှာ အဆိုတော် အရမ်းဖြစ်ချင်ကြတဲ့ လူငယ်တွေ တော်တော်လေး များလာပြီး ခု စာဖတ် ပရိပ် သက်ထဲမှာတောင် ပါချင်ပါပါလိမ့်မယ် အကို အနေနဲ့ အဆိုတော် ကောင်းတစ်ယောက် ဖြစ်ဖို့ ဘယ်လို လေ့လာ လေ့ကျင့် သင်ယူ ရပါလည်း ပြောပြပေးပါလား ခင်ဗျာ ။
၈တန်းလောက်တုန်းက ဂစ်တာလေး တီးတတ်လာတယ် တီးတယ် ဆိုတယ် (ကီး)တော့နားမလည်သေးဘူးပေါ့၊ငယ်ငယ်ကတည်းက သီချင်းနားထောင်ရတာဝါသနာပါတယ် လိုက်ဆိုတယ်၊၊စာအုပ်တွေလည်းဖတ်တယ်၊သူများတွေလိုတော့ အချိန်ပေးပြီးလုပ်ယူတာတို.မရှိပါဘူး၊သင်ပေးခဲ့တဲ့လူလည်းမရှိပါဘူး၊တော်တော်လည်း အနိမ်ခံရတယ်၊အဓိက က ဒီသီချင်းကိုနားထောင်လိုက်ရင် တစ်ပုဒ်လုံးပြီးသွားရင် ဘာကိုဆိုလိုတာလဲ သူတို.ဘာပြောသွားလဲ ဘာတွေလုပ်ထားလဲ ဘာတွေလိုသေးလဲ ဘယ်လိုဖော်ကျူးထားလဲ ဘာအနှစ်သာရပေးထားလဲ ကိုယ်က နားထောင်ပြီးတာနဲ.သိရမယ်ဆိုတာ မသိခဲ့ဘူး၊နောက်ပိုင်းမှသိလာတယ်၊သေချာနားထောင်တယ် ပြန်လေ့လာတယ်၊ကိုယ့်အလှည့်ကျရင် ဘာဆိုတာပေါ့၊ထူးထူးခြားခြားသင်တာမရှိပါဘူး သီချင်းတွေကပဲ သင်ပေးတာကို သင်ယူသွားတာပါ:) အကို့ ရဲ့ အရင် အရင် အဆိုတော် တွေ အပေါ် ဘယ်လို ထင်မြင်ချက်မျိုး ရှိလည်း အကို အားကျရသော အကို အနှစ်သက်ဆုံးသော အဆိုရှင် များကို ဖော်ပြပေးပါလား ။ ဘယ်သူဘယ်ဝါတော့ မပြောတော့ပါဘူး ကျွန်တော့်ရင်ထဲမှာ အားကျအောင်လုပ်ပြသွားတဲ့အဆိုတော်တွေရှိသလို အဲ့လိုအားကျအောင်လုပ်သွားပြီးမှ စကားတစ်ခွန်းကြောင့် ချဉ်သွားတဲ့ အဆိုတော်တွေလည်းရှိပါတယ် အခုကျွန်တော်လူငယ်တွေအခြေအနေနဲ. ဘားမှပူစရာမလိုတော့တဲ့အချိန်ပါ စီနီယာတွေက အရှေ.ကရင်းခဲ့တယ် ရှင်းခဲ့တယ်၊ကိုယ်တွေအလှည့်ကျရင်လည်း ထိန်းသိမ်းထားရမယ်၊တစ်ခုပါပဲ လေးစားသင့်တဲ့လူကိုလေးစားပါတယ်၊အားကျအောင်လုပ်ပြနိုင်တဲ့သူကိုအားကျပါတယ် အချစ် သီချင်း နဲ့ အလွမ်းသီချင်း ဘယ်ဟာကို ပို အားသန်လည်း ကိုယ်ကိုယ်တိုင်ကကော် အရမ်းကြိုက်တဲ့ သီချင်းရှိလား ဘယ်သီချင်းများလဲ ။
သီချင်းတစ်ပုဒ်က ခံစားချက်လို.ရှိလို.ဖြစ်လာတာပါပဲ (ရေးတဲ့လူကခံစားချက်နဲ.ရေးပေမယ့် ဆိုတဲ့လူကခံစားချက်ပါချင်မှပါမယ်လေ၊ရေးတဲ့လူကခံစားချက်မပါပဲရေးခဲ့ရင်တောင် ဆိုတဲ့လူကခံစားချက်နဲ.ဆိုရင်ဆိုမှာပဲ) နှစ်ခုလုံးပြည့်စုံရင်တော့ သီချင်းကောင်းလေးလို. မျှော်လင့်ပါတယ်။ အဲ့လိုပြည့်စုံတဲ့ ဘယ်သီချင်းမဆိုကြိုက်ပါတယ်။ အချစ်သီချင်းနဲ.အလွမ်းသီချင်းဘယ်ဟာ အားသန်လည်းဆိုတော့ နှစ်ခုလုံးပါပဲ ဟိဟိ ချစ်မိရင်တော့ အလွမ်းဆိုတာ အနောက်မှာအမြဲရှိနေမှာပါ အကို့ ရဲ့ နာမည် အရင်းကို ပြောပြ ပါဦး ။ ထွန်းနောင်ဦးပါ ခင်ဗျာ နေရပ်လိပ်စာ ကကော် ဘယ်မှာနေပါလည်း ။
ကန်တော်လေး၊မင်္ဂလာတောင်ညွန်.၊ရန်ကုန်မြို. ဆက်သွယ်လို့ ရမဲ့ E-mail အကောင့်တွေပါတွေ ရှိပါလား ခင်ဗျာ ။ [email protected] , [email protected] (facebook) အကို အသက် ဘယ်လောက်ရှိပြီးလည်း
19 ပါ အကိုရဲ့ ရင်ခုန်သံလေး ကြားပါရစေ ခင်ဗျာ .။။ ဘယ်သူများပါလိမ့် ။
ရင်ခုန်သံကတော့ ပရိတ်သတ်တွေပါပဲ , (မရှိလို.ပါ) အချစ် နဲ့ အမုန်းကို အကို ဘယ်လို ခံယူချက် ထား ထားပါလည်း သီချင်း တစ်ပုဒ် စပ်တဲ့ အခါမှာ ရင်ထဲက ခံစားတွေ ဖွင့်ဟပြစ်လိုက်တာလား ဒါမှ မဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အဖြစ်ကို ဇတ်လမ်းထွင်လိုက်တာလား ။ ကိုယ်တိုင်ခံစားချက်နဲ.ဆိုတဲ့သီချင်းမရှိသေးပါဘူး၊ သူငယ်ချင်းတွေ၊ဘော်ဘော်အကိုကြီးတွေ သူတို.အကြောင်းအရာတွေ၊သူများတွေ လုပ်ခိုင်းတဲ့ အကြောင်းအရာလေးတွေ အဲ့လိုလေးတွေကို ပဲ ၀င်ခံစားပြီး ရေးလိုက်တယ် ဖတ်ထားသမျှစာအုပ်တွေ တော်တော်အကျိုးပြုတယ် ဟိဟိ
အချစ်နဲ.အမုန်းဆိုတာတော့ ကျွန်တော် ရည်းစားထားဖူးတဲ့အချိန်ကျရင် ပြောပြမယ်နော်:) စင်မြင့်ထက်မှာတို့ စတိတ်ရှိုးပေါ် မှာ တို့ လို သီချင်းတွေ ဆိုဖို့ ရှိလား ဆိုကော် ဆိုဖြစ်လား ။
ဆိုဖူုးပါတယ် လက်လည်းတုန်ဖူးပါတယ် ဒူးလည်းတုန်ဖူးပါတယ် ဆိုလည်းဆိုဖြစ်ပါတယ် ဟိဟိ ပရိပ်သက်ကို ဘာများ မှာ စရာ ပြောစရာ စကားလက်ဆောင် ရှိလည်း တစ်ခုခုလောက် တုန့်ပြန်ပေးပါဦး ။ ကျွန်တော် ခွေကြမ်းလေးကို နားထောင်ပြီးဝေဖန်ပေးပါလို. တောင်းဆိုချင်ပါတယ်။ပရိတ်သတ်အပေါင်းလည်း ဖြစ်ချင်တာတွေများများဖြစ်ပြီး မဖြစ်ချင်တာများနည်းပါစေလို. အမြဲဆုတောင်းပေးပါတယ် (ပရိတ်သတ်မဟုတ်လည်းဆုတောင်းပေးပါတယ် လူသားအပေါင်းကို) အရာရာအားလုံးအဆင်ပြေကြပါစေလို. နောင်ကြီး ဆုမွန်ကောင်းတောင်းပေးပါတယ် ခုလို မေးချင်တာမေး ဖြေချင်လားမဖြေချင်လားမသိ အကုန်ပြန်လည် ဖြေဆိုပေးခဲ့တဲ့ အတွက်လည်း ပရိပ်သက် တွေ အစားကော် ဒီ ဆိုဒ်ရဲ့ တာဝန်ခံ အက်ဒမင် များ အစားကော် ကျွှန်တော် ကိုယ်တိုင်ကပါ ဝမ်းသာစွာနှင့် ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ ... ။
ထပ်တူထပ်မျှပါပဲ ကျေးဇူးတင်ရှိပါအိ ဟိဟိ
.
အခုလို အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်လိုက်ရပါသည် ခင်ဗျာ အားလုံးပဲ နောက်လည်း ဘယ်လို အစီအစဉ်မျိုးမှာ ဘာတွေနဲ့ ဆက်လက် တွေ့ဆုံနိုင်ဦးမလည်းဆိုတာ စောင့်စားတော်မူကြပါဦးလား ခင်ဗျာ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ ဗျာ .... ။
.
★အမ်လ်အယ်လ်အက်စ်☆。
.
...............
24.12.2011