ဒီတစ်ပတ် မှာတော့ တက်သစ်စ အဆိုတော် ဖြစ်တဲ့ ဒီမိုဂျစ်တူး ကို ပရိသတ် တွေအတွက် အင်တာဗျူးလေး မေးပေးထားပါတယ် .. ။
အားလုံးပဲ ဘယ်လို မေးလို့ ဘယ်လို ဖြေထား လဲ ဆိုတာ အားပေးကြပါဦးလား .... ။
Flas Somgs လင့်
Mp3 သီချင်များ ဒေါင်းလော့ လုပ်ရန် သီချင်းခေါင်းစဉ်ကို ကလစ် ပေးပါ .. ။
ချစ်သူ ၀ိဥာည်
နင်စေလိုရာ-(Feat-Ei Lay)
ပရိသတ် တွေကို အကို့ရဲ့ နာမည်လေး မိတ်ဆက်ပေးပါဦး ... ။
ဟုတ်ကဲ့ ကျွန်တော့နာမည်က demojacktoo ပါ ...
ဒီနာမည်လေးက တစ်မျိုးပဲနော် ဘယ်လို စိတ်ကူးမျိုးနဲ့ ပေးဖြစ်သွားတာလဲ မသိဘူး ..... ။
အင်း ဒီမိုလို့ ပေးတော့လဲ နာမည်တူတွေရှိတယ်လေ ဂျစ်တူးလို့ သူငယ်ချင်းတွေက စနောက်ပြီးလဲခေါ်ကြတယ် အဲဒါကြောင့် ဘယ်သူမှမပေးတဲ့ နာမည်ကိုရှာရင်းနဲ့  ဒီမို ဂျစ်တူးဆိုတာကို စဉ်းစားမိသွားတာပါ.......
ဒီလို နာမည် ခပ်ဆန်ဆန်းလေး ပေးခြင်း အားဖြင့် ပရိသတ်တွေရဲ့ စိတ်ဝင်စား မှူ့ ပိုမို ရ ရှိနိုင်လိမ့်မယ်လို့ ထင်ပါလား .... ။
လုံးဝ ကိုမထင်ဘူး ဘာလို့ လဲဆိုတော့ သီချင်းကောင်းမှ ပရိတ်သတ်အားပေးမယ် ပရိတ်သတ်အားပေးမှ အောင်မြင်မယ်လို့ထင်တယ် နာမည်နဲ့ သိပ်တော့မဆိုင်ဘူးထင်တယ်. ဒါပေမဲ့ တချို့ ကလဲ တမျိုးတွေးချင်တွေးမှာပေါ့ နော် အဓိက ကတော့ သီချင်းကောင်းဖို့ပဲ လိုတာ လို့ပဲထင်ပါတယ် .......(ကျွန်တော့်အထင်ပါ ...)
သီချင်းတစ်ပုဒ် ကောင်းဖို့ကို ဘယ်လို အားစိုက် ခဲ့ရလဲ ... ။
ကျွန်တော့သီချင်းတော်တော်များများကတော့ ခံစားချက်တွေရင်းလိုက်ရတာပါပဲ အားစိုက်ထုပ်မူကတော့ ခံစားချက် ........ပါပဲ
ခံစားချက်တွေရင်းလိုက်ရတာ ဆိုတော့ ခံစားချက် တွေက ဘယ်နှစ်မျိုးလောက် ရှိလို့ပါလဲ ... ။ (ရည်စားဘယ်နှစ်ယောက်ရှိလဲကိုဆိုလိုပါတယ် .။)
တိန် .. တေရော. . ရည်းစားကတော့ ထားခဲ့ဖူးပါတယ် မလိမ်ပါဘူး ဒါပေမဲ့ ဆိုးတာက ချစ်မိသွားတာက ဆိုးတယ် ရည်းစားမထားတော့ဘူး ချစ်သူပဲထားတော့မယ်ဆိုမှ ချစ်သူက ပစ် ချသွားတာ အဲလိုတွေများလာတော့ ခံစားချက်တွေက ပိုပို လာတယ် သီချင်းတွေ က အသည်းကွဲ တွေများလာတယ်.....
ရည်စား နဲ့ ချစ်သူ ကို ခွဲ ခြား ထားတယ်ဆိုတော့ ဘယ်လိုများ ကွဲလွဲခြား နား ချက်မျိုး ရှိလို့ပါလဲ .... ။
ရည်းစားဆိုတာ က အပျော်တွဲ တာ ဘယ်လိုပြောရမလဲ ကြူတာ အီစကလီလုပ်တာ ချစ်သူက ရင်ခုန်သံ နဲ့ ရွေးချယ်တာ တဘ၀ လုံးစာ အတွက်ရည်စူးတာလေ...
အကိုပြောတာ ဟုတ်ပါတယ် ... ။ အကို့ရဲ့ လက်တလော အနုပညာ လှူပ်ရှား မှူ့လေးတွေ ပြောပြပေးပါဦး ...
အခု လောလောဆယ်တော့ ၂၅ ရက်နေ့မှာ ဘာပဲ ဖြစ်ဖြစ် ၂၀၁၂ အခွေ ထွက်မယ် ပြီးတော့ ၄ လပိုင်း ၂ ရက်နေ့မှာ ရိုးပွဲ တခုရှိတယ် သင်္ကြန်ပြိးရင် အတွဲခွေတခွေထွက်မယ် အဲဒါတွေ လုပ်ဖို့တော့ရှိတယ် ဗျာ........
ဘာပဲဖြစ်ဖြစ် 2012 အခွေ ထဲမှာ ပါဝင်ဖြစ် ခဲ့ပုံ လေး ကို ပြောပြပေးပါဦး .. ။
သင်ဇာဆိုတဲ့ ကျွန်တော့ညီမလေးက ကမ္ဘာ တဖက်ခြားဆိုတဲ့ သီချင်းကိုအရမ်းကြိုက်တယ်ဆိုချင်တယ်ပေါ့နော်. အဲဒါနဲ့ အခွေမှာထည့်မယ် ပါမယ်ဆိုပြီး လုပ်ဖြစ်ကြရင်း ပါဖြစ်သွားတာပေါ့ဗျာ.......... အဲဒီအခွေမှာ ကမ္ဘာတဖက်ခြားဆိုတဲ့သီချင်းကတော့ နိုင်ငံခြားရောက်နေတဲ့ ကောင်မလေးတွေ ကြွေမယ်လို့ ပြောရဲတယ်........
နိုင်ငံခြား ရောက်နေတဲ့ ကောင်မလေးတွေ ကြွေလောက်မယ် ဆိုတော့ ကောင်လေးတွေ အတွက်ကကော် .... ။
ကောင်လေးတွေကတော့ ငိုမယ်ထင်တယ်...( စတာနော် ) ဟီးဟီး သေချာတာကတော့ ကြိုက်ကြမယ်လို့တော့ ထင်တယ် (အားပေးကြပါလို့  ..... ပြောချင်ပါတယ် )
အကိုက ပျော်တက် တယ် ထင်တယ် .... သီချင်း ဆိုတော့မယ်ဆိုရင် စိတ်ညစ်တဲ့ အခါမျိုးမှာ ဆိုတာလား ကြည်နူနေချိန်မျိုးမှာ ဆိုဖြစ်တာမျိုးလား .. ။
ကျွန်တော် ပျော်တက်တယ် သူငယ်ချင်းတွေ လဲကျွန်တော်နဲ့တွေ့၇င်ပျော်လို့ တဲ့  အိမ်လာပြီး ဘီယာ လာတိုက်ခိုင်းတယ် ရှိတာတွေလာမတယ် ပျော်လို့ ဆိုပြိး ဟားဟား သီချင်းဆိုတာကတော့ အချိန်တိုင်းလိုလိုပဲ ပျော်လဲဆိုတယ် စိတ်ညစ်လဲဆိုတယ် . .. .. အကြောင်းပြချက်မလိုပဲ သီချင်းတွေ ဆိုဆိုဖြစ်ပါတယ်........
အကိုက သီချင်းတိုင်း လိုလို ခံစားချက်တွေ နဲ့ ပဲ ဆိုတာ များတော့ သူများတွေရဲ့ ခံစားချက်ကို ငှား သုံးတာ မျိုးကော် ရှိပါလား .. ။
သူများခံစားချက်တွေ ငှားမသုံးဘူး ကိုယ့်ခံစားချက်တွေတောင် ရေးလို့မကုန်ဘူး ဗျာ ခံစားချက်တွေများလွန်းလို့  ရေးလိုက်တိုင်း ခံစားချက်တွေဖြစ်နေတယ် ကျွန်တော်ရေးတဲသီချင်းတိုင်း ခံစားချက် တွေ တကယ်ပါလို့ အာမခံ ထားရမယ်........
ဒီခံစားချက်တွေက ဘယ်တော့များမှ ငြိမ်းအေး နိုင်မယ်လို့ အကို ထင်ပါလဲ .. ။
သေသွားမှ ထင်တယ် ကျွန်တော် သေသွားရင်တော့ ခံစားချက်တွေ လဲ သေဆုံး နိုင်ကောင်းပါရဲ့ဗျာ.........
ဂီတလောကထဲ ဝင်ရောက်လာခဲ့ ချိန် ကြုံတွေ့ ခဲ့ရတဲ့ အကောင်းအဆိုး အခက်အခဲ လေးတွေကို ပြောပြပေးပါဦးလား ... ။
ဂီတလောက ထဲ ၀င်ရောက်လာချိန်ကတော့ ကိုပိုင်က ကျွန်တော့် သီချင်းလေးတွေ မိုက်တယ်သွင်းပေါ့ဘာညာဆိုပြီး မြောက်ပေးတယ် လူကလဲ အမြောက်ကြိုက်တာကိုး( တကယ်ပြောတာ ) ကိုပိုင်က သင်ပေးပါတယ် . ကောင်းတာကတော့ သီချင်း ဆိုပြီးစဖြန့်တဲ့ အချိန်မှာပဲ ပရိတ်သတ်တွေအားပေးကြတယ် ဖုန်းတွေဆက်တယ် ဘယ်ကဖုန်းနံပါတ်တွေရလဲတော့မသိဘူးပျော်လိုက်တာ အဲတုန်းက အမှတ်တရပဲ . ဆိုတာကတော့ စတူဒိယိုဖိုးမရှိတာ ရယ် ပြီးတော့ အခက်အခဲက အိမ်က ဖုန်းလာတယ် သီချင်းဆိုရင် အိမ်ပြန်မလာနဲ့  တဲ့  စကာင်္ပူသွားမယ်ဆိုပြီးလိမ်လာတာ ရန်ကုန်ရောက်တော့ သီချင်းတွေပဲလုပ်တော့ အိမ်က တွေ့ရင် သတ်မယ်ဆိုပဲကျိန်းနေတယ်.. .. . အဆင်မပြေဘူး သူငယ်ချင်းတွေထဲမှာကလဲ ဂီတ လောကကို အကူအညီပေးမယ့်လူမရှိဘူး ဗျာ အဆက်အသွယ်မရှိတော့ဆိုးတယ် နောက်မှ ဆိုတေး နဲ့ခင်လာတယ် အဲဒါနဲ့ ပဲ ကြိုးစားနေရတယ်ပေါ့ဗျာ ညီလေး ဇင်လင်းရဲ့ အကူအညီတွေလဲပါ ပါတယ်ကျွန်တော့် ကိုအားပေးတဲ့ ပရိတ်သတ် အနည်းငယ်ရှိလာတယ်ပေါ့ဗျာ အခုထိအခက် အခဲက ရှိသေးတယ်...မကုန်နိုင်ပါဘူးဗျာ.......
တော်တော် ဆိုးတာပဲ အိမ်ကို နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့လိုက်တာပေါ့ ... ။
ဟဟ အောင်မြင်မှာပါဗျ . ။
နယ်ဘက်တွေမှာ ရှိုးပွဲ သွားရောက် ဖျော်ဖြေ တုန်းက အတွေ့အကြုံ လေး ကို လည် ပြောပြပေးပါဦး ဗျာ ... ။
နယ်ရိုးကမိုက်တယ် ကျွန်တော့်ကို ဘယ်သူမှမသိကြဘူး ဆင်းတော့ ဘယ်ကကောင်ကြီးလဲ ၀ိုင်းအော်ကြတယ် လူက လဲ ဆိုမာလီယာ ဓါးမြနဲ့ တူနေလို့လားမသိပါဘူးဗျာ..... သီချင်းနစ်ပုဒ်လောက်ဆိုပြမယ်ဆိုပြောရတယ် .ပြီးတော့မှ မေ့ ထားပါ . နင်ပျော်မယ်ဆို ... အဲ သိချင်း ၂ ပုဒ်ဆိုလိုက်မှပဲ သူတို့က တော်တော်အားပေးတယ်ပန်း စီးတွေပေးတယ် မိတ်ဆက်ကြတယ် .....အမှတ်တရပါပဲဗျာ......
တော်တော် ပျော်ဖို့ ကောင်းမှာပဲနော် .. :)သင်္ကြန်မတိုင်ခင် ရှိုးပွဲ ဆိုဖို့ ရှိတယ်လို့ သိရပါတယ် .. ဒီလို ရှိုးပွဲ တွေ မှာ ပါဝင် ခွင့်  ရခဲ့ ပုံလေးကိုလဲ သိပါရစေ ... ။
သူငယ်ချင်းတွေ ခေါ်လို့ ပါ ပိုပိုဆိုတဲ့ မတည့် အတူနေ သူငယ်ချင်း တယောက်ရှိတယ် သူနဲ့ သီချင်းတွေလုပ်ရင်း ဆိုဖြစ် ပါဖြစ်သွားတာပါ.. ........ .
အကို့ အနေနဲ့ တွဲဆိုမယ်ဆိုရင် ဘယ်လို အဆိုတော် မျိုးနဲ့ ဆိုချင်ပါလဲ ..... ။
ဘ၀ မှာ အရမ်းဆိုချင်တဲ့အဆိုတော်တွေတော့ရှိတယ် မြန်မာ နိုင်ငံထဲက ဆိုရင် စိုင်းစိုင်း .ရဲလေး . ဟန်ထူးလွင် ......သူတို့ သုံးယောက်နဲ့ဆိုချင်တယ် ..... နိုင်ငံခြားမှာဆိုရင်တော့ T I နဲ့ ဆိုချင်တယ် .......
နိုင်ငံခြား က အဆိုတော်တွေနဲ့ ဆိုဖို့က အစီအစဉ် ရှိလား .... ။
ဟီးဟီး အိပ်မက်ထဲမှာတို့ စိတ်ကူးထဲမှာတို့ ခန ခန ဆိုနေတာပဲ လက်တွေ့အပြင်မှာ မဖြစ်နိုင်လောက်ပါဘူး ခင်ဗျာ........
ဖြစ်အောင်လုပ်ရင်တော့ ဖြစ်လာပါလိမ့်မယ် .. ။
ဟုတ်ကဲ့ ကြိုးစားကြည့်ရတာပေါ့ ဗျာ..
နင်ပျော်မယ်ဆိုရင် သီချင်း လေးက ပရိသတ် တော်တော်များများ လက်ခံနိုင်လောက်တဲ့ အနေအထားမျိုး ရှိနေတာ ကို တွေ့ ရပါတယ် .. ။
အကို့ အနေနဲ့ ဒီ သီချင်း အပေါ် အားရကျေနပ်မှူ့ ရှိပါ လား .. ။
ဟုတ်ကဲ့ ကျေနပ်ပါတယ် အဲသီချင်းက တခါ နားထောင်တိုင်းတခုတခု ခံစားရတယ်အဲသီချင်းဆိုပေးတဲ့ ဆိုတေးကိုရော ကျေးဇူးတင်ပါတယ်........
ဆိုတေးနဲ့ တွဲ ဆို ဖြစ်ခဲ့ တဲ့ အကြောင်းလေးကိုလဲ ပရိသက်တွေ သိအောင် ပြောပြပေးပါဦးလား ... ။
ဆိုတေးကလဲ အခွေထွက်ပြီးသိပ်မကြာသေးဘူး ကျွန်တော်က လဲသီချင်းတပုဒ်ရှိတယ်ဆိုမလား ဘာညာဆိုပြီးပြောဖြစ်ကြတယ် သူကလဲ ကြိုက်ရင်ဆိုမယ်ပေါ့  အဲဒါနဲ့ သူအိမ်မှာပဲ သီချင်းသွားပြတယ် ကျွန်တော်က ရေး ထားတာ ကြာပြီအဲသီချင်းလေးကိုလေ သူနဲ့လဲ လိုက်မယ်ထင်လို့ လုပ်ကြတာပါ .....
ဆိုတေးနဲ့ ထက်ပြီး ဆို ဖြစ်ဖို့ အစီအစဉ် ရှိသေးလား ... ။
အင်းလောလောဆယ်တော့သူလဲ အရမ်းကိုအောင်မြင်နေပြီလေ ပြီးတော့သူလဲမအားဘူးထင်တယ် ဒါကြောင့်  ဆိုဖြစ်မယ်ဆိုရင်တောင် ကြာဦးမယ်ထင်ပါတယ်........
အကိုရဲ့ သီချင်းလေးတွေတိုင်း မှာ စာသားလေးတွေက ဆန်းတယ်နော် ကျွှန်တော် သတိ ထား မိသလောက် အကို့ သီချင်းတွေ မှာ သုံးတဲ့ စကားလုံးတွေက အခြား အဆိုတော်တွေ မသုံး သေးတဲ့ အသုံးအနှူန်းမျိုး တွေများတယ် ဘယ်လို များ ထွင်ပြီး ရေး တာလဲ .... မသိ ဘူး .. ။
ထွင်ပြီးရေးထားတာမဟုတ်ပါဘူး အဓိက ကတော့ကျွန်တော် စာတွေ အများကြီးဖတ်တယ် သူများသုံးနေကြစာသားက နေပြီး ဘယ်လိုခွဲထွက်နိုင်မလဲ hip hoper တွေ စကားလုံး ကြွယ်ဝ မှ ပိုအဆင်ပြေမယ်လို့ထင်တယ်လေ ဒါကြောင့် စာများများ ဖတ်တယ် များများတွေး များများ ရေးပေါ့ ဗျာ..
စာများများဖတ်တယ် ဆိုတော့ အကိုက စာဖတ်ရ ဝါသနာ ပါတယ်ပေါ့
ဘယ်လို စာမျိုးတွေကို ဖတ်တာလဲ .. ။
စာဖတ်တာ ၀ါသနာပါတယ် သိန်းဖေမြင့်ရေးတဲ့  အရှေ့ က နေ၀န်းထွက်သည့် ပမာ တို့  စာပေဆု ရတဲ့ စာတွေဖတ်ဖြစ်တယ် ပြီးတော့ကဗျာ ပြီးတော့ မြသန်းတင့် .... ပြီးတော့ ဂျူး နဲ့  တာရာမင်းဝေ ဟီးဟီး များတယ် မှတ်မိတော့ဘူး အစုံဖတ်တယ်......
ဘာကြောင့်များ ဒီလောက်စာများများ ဖတ်တာပါလဲ .. ။
အိမ်မှာ စာအုပ်တိုက်တောင်ထားတယ် ပင်လယ်ပြာပြာ စာပေ ဆိုပြီး ထောင်ထားတယ်လေ ဒါကြောင့် အလုပ်မရှိ အကိုင်မရှိဆိုတော့ အိမ်က စာတွေနဲ့ ပဲ နပန်းလုံး နေတယ်လေ .....
သည်လိုဆို သီချင်း ဆိုဖို့ က ဘယ်က ဘယ်လို စိတ်ကူး ပေါက်သွားတာလဲ .... ။
သီချင်းက ငယ်ငယ်ကတည်း ၀ါသနာပါတယ် ရေးနေတာလဲ ကြာပြီ အခုမှ သေသေချာချာ ဇောက်ချပြီးလုပ်ဖြစ်တာပါ......
အဆိုတော် လောကထဲကို ဘယ်နှစ်ခုနှစ်လောက်က ဝင်ရောက်ခဲ့တာလဲ ... ။
လုပ်နေတာတော့ ကြာပြီ တကယ်တမ်း အွန်လိုင်းမှာသီချင်းတွေ တင်ဖြစ်တာကတော့ ၂၀၁၁ လောက်ကပါပဲ..........
အကို့မှာ အဖွဲ့တစ်ဖွဲ့ ရှိတယ်လို့ သိရပါတယ် .. အကို့ရဲ့ အဖွဲ့ နာမည်လေး ကို ပြောပြပေးပါဦး ..... ။
myanmar music museum ပါ ကျွန်တော် ဖွဲ့ ထားတာပါ အဖွဲသားတွေကတော့များတယ် ၁၀ ရောက်လောက်ရှိတယ် အားလုံးကတော့ ကြိုးစား တဲ့ လူငယ်တွေနဲ့ ဝါသနာပါတဲ့လူတွေ ချည်းပါပဲ စုထားပါတယ်.......
အကိုတို့ အဖွဲ့က အခွေထွက် ဖို့ ရှိပါလား ... ။
ရှိတယ် သီချင်းတွေ စုနေတယ် ပိုက်ဆံလဲစုနေတယ် ၈ လပိုင်းလောက် အဖွဲ့က တစ်ခွေထွက်ဖို့ကြိုးစားနေပါတယ်........
အကို က ခု ဆိုရင် အတော်အသင့် အောင်မြင် လာပြီး ဖြစ်တဲ့ တစ်သစ်စ အတော် ဒီမိုဂျစ်တူး ပေါ့နော်
ဘယ်လို အချိန် အခါ ဘယ်လို အနေ အထား လောက် မျိုး မှာ အကိုဟာ တကယ့်ကို အောင်မြင် ကျော်ကြားတဲ့ အဆိုရှင် ကောင်း တစ်ယောက် ဖြစ်လာနိုင်မယ်လို့ မျှော်လင့် မှန်းဆ ထားပါလဲ .. ပြောပြပေးပါဦး .. ။
ကျွန်တော်ကို အခုဘယ်သူမှတောင်သိပ်မသိသေးပါဘူး ဗျာ ကျွန်တော် အများကြီးကြိုးစားရဦးမယ် ညီလေး ပြောသလိုပဲအောင်မြင်ကျော်ကြားတဲ့ အဆိုတော်ဖြစ်ဖို့က ကံ တရားနဲ့ လဲဆိုင်သလို ကျွန်တော့်ဖက်ကလဲ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်တော့ ကြိုးစားမယ် . ဘယ်တော့ဖြစ်လာမလဲတော့ .... မကြာမီလာမည်မျော်ပေါ့ ........
ခပ်မြူးမြူးလေးနဲ့ ပေါက်စီ ဆိုတဲ့ သီချင်း လေးတစ်ပုဒ် ရှိတယ်နော် အဲ့ သီချင်းလေးကကော် ဘာစိတ်ကူးနဲ့ ဆိုဖြစ်သွားတာလဲ ..... ။
ပေါက်စီသီချင်းလေးက ဟာသ ဆန်ဆန်ရေးထားတာပါ လဘက်ရည်ဆိုင်မှာထိုင်နေရင်း ပေါက်စီစားတယ် အဲဒါကိုကောင်မလေး ကြည့်ပြီးရီလိုက်တာနေပြီးစတာပါပဲ... သူဘာလို့ ရီတာလဲ လို့ မေးတာကနေပြီး အတွေး ရပြီးရေးလိုက်တာ ......
အကို့ ကို ဂီတနဲ့ မပတ်သက်တာလေး တစ်ခုလောက် မေးချင်ပါတယ် ... ။
ဟုတ်ကဲ့ မေးပါ ရပါတယ် .. ။
အကို့ ကောင်မလေး က အကို့ အပြင် အခြား တစ်ယောက်နဲ့ အကို့ ရှေ့မှာ တွဲ နေတာကို အကို့ အနေနဲ့ မြင်တွေ့ ခဲ့ မယ်ဆိုရင် အကို အဲ့ ချိန် မှာ ဘာလုပ် မိလိမ့်မလဲ ..... ။
ဟိုက် အဆန်းပါလား . . . အဲလိုဆိုရင် ပထမဆုံး လုပ်မိမှာက ကိုယ့် ပါးကိုပြန်ရိုက်မိမယ် ထင်တယ် ဘာလို့လဲဆိုတော့ အဲလိုကောင်မလေးကို ဘာလို့ငါက စွဲလန်းနက်နဲစွာချစ်နေရတာလဲလို့ ကိုယ့် ကိုယ် ကိုပြန်မေးပြီး ကိုယ်ပါးကို ပြန့်ရိုက်မိမယ် ထင်တယ် င်္ပြီးတော့ ကိုယ်ချစ်တဲ့လူပျော်မယ်ဆိုရင် သူတို့ပျော်ရွင်ဖို့ဆုတောင်းပေးလိုက်မယ်လေ...
နောက်တစ်ခု လောက်မေးပါရစေ ... ။
ဟုတ်ကဲ့ .. ။
အကိုအရမ်းချစ်တဲ့ ချစ်သူ တစ်ယောက်ရယ်ပေါ့နော် အကို့ အပေါ်မှာ ကျေးဇူးရှိခဲ့ ဖူးတဲ့ ကျေးဇူးရှင်တစ်ယောက်ရယ်ပေါ့နော်
တိုက်ပေါ်က သူတို့ နှစ်ယောက် တပြိုင်ထဲ ခုန်ချ ခဲ့ မယ်ဆိုရင်
အကို့ အနေနဲ့ ကယ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့ကို ကယ်မှာပါလဲ ... ။
အဲ ဒီမေးခွန်းက တော်တော် စဉ်းစားရကြပ်တယ် တကယ်တမ်းအဲလို သာဖြစ်လာခဲ့မယ်ဆိုရင် မတွေးရဲ စရာပဲ ဒါပေမဲ့ ကျွန်တော် သာ အဲ ဒီလိုအအခြေအနေ မှာဆို တိုက်ပေါ်က ခုန်ချတဲ့ လူ သုံးယောက်ဖြစ်သွားမယ်ထင်တယ် အဲဒီ ထဲမှာကျွန်တော်ပါ လိုက်ပြီး ခုန်ချမယ်လို့ တွေးမိတယ် ချစ်သူကိုရော ကျေးဇူးရှင်ကိုရော ဘယ်သူမှမချန်ခဲ့ချင်ဘူး ဘယ်သူမှ မထိ ခိုက်စေချင်ဘူး ဒီတော့အတူတူ ခုန်ချခွင့်ရချင်တယ်........
ဟုတ်ကဲ့ .. ။ အကို ဖြေ သွားတာတွေ အရမ်း ကောင်းပါတယ် . ... အကို့ ဆုံးဖြတ်ချက် က မှန်ကန်လောက်ပါတယ် .. ။
အကို့ အနေနဲ့ အကို့ကို အားပေးသည် ဖြစ်စေ အားမပေးသည် ဖြစ်စေ ပရိသက် တွေကို မေတ္တာစကား လက်ဆောင် တစ်ခွန်းစ နှစ်ခွန်းစလောက်ပြောခဲ့ပါဦးလား .. ။
ကျွန်တော့် ကို အားပေးသည်ဖြစ်စေ မအားပေးသည်ဖြစ်စေ ပရိတ်သတ်ကြီး ကျန်မားပါစေ လိုချင်တာမှန်သမျရပါစေ ချစ်တဲ့သူနဲ့ပေါင်းရပါစေဗျာ.........
ဟုတ်ကဲ့ ပရိသက်တွေကလည်းပဲ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ လို့ ပြန် ပြောလာမယ်လို့ ထင်ပါတယ် ။
အကို့ ကို ခုလို အင်တာဗျူး လေး မေး မြန်း ဖြစ်ဖို့ အကြောင်းပြုလာတဲ့ MM Flash Songsဆိုဒ်လေးကို အကို့ အနေနဲ့ ဘာများ ပြောချင်ပါသေးလဲ ... ။
MM Flash Songs ကျွန်တော် အဲဒီဆိုက်လေးကို အွန်လိုင်းသုံးတိုင်းဝင်ဖြစ်ပါတယ် သီချင်းလေးတွေနားထောင်ဖို့ အတွက်ရော သိချင်တာလေးတွေရော ရှိရင် ဒီဆိုက်ထဲကိုဝင်ဖြစ်ပါတယ် အခု ဒီဆိုက် မှာ အင်တာဗျူးပါခံရတယ်ဆိုတော့ကျွန်တာ် အရမ်း ပျော်ပါတယ်ဗျာ ဆိုက်လဲ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ် .. ။
ဟုတ်ကဲ့ ခင်ဗျာ ဆိုဒ်တာဝန်ခံ အက်ဒမင်းတွေ အစား ကျွှန်တော် ကနေပြီး အကို့ကို ကျေးဇူး တင်ပါတယ် .. ။
အကို့ကို ဆက်သွယ်ချင်တယ် ဆိုရင် ဘယ်လို ဆက်သွယ် လို့ ရနိုင်မလဲ ... ။
တောင်ဥက္ကလာ ၂၁ လမ်း .၄ ၇က်ကွက် အိမ်နံပါတ် ၉၅၂ ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျား . .. အွန်လိုင်းက ဆက်သွယ်ချင်ရင်တော့ [email protected] ကို လဲဆက်သွယ်နိုင်ပါတယ် . ဝေဖန်အကြံပေးတာပဲဖြစ်ဖြစ် အကူအညီလိုတာပဲဖြစ်ဖြစ် မုန့်ဝယ်ကျွေးတာပဲဖြစ်ဖြစ် ဘီယာ တိုက်ချင်ရင်ပဲဖြစ်ဖြစ် ..ဘာပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်.... ခင်ဗျာ. ... ။
-
ပရိသက် သိချင်တာတွေ ကော်ကျွှန်တော် မေးတာတွေ ကော် တစ်ခုမကျန် မဖုံမကွယ် စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားပေးသော အကို ဒီမိုဂျစ်တူး ဒီထက်မက အောင်မြင် ကျော်ကြား ပါစေ လို့ ဆုတောင်း ရင်း ဒီ တစ်ပတ် အင်တာ ဗျူး အစီအစဉ် လေးကို ဒီတွင်ပဲ ခေ့တခဏ ရပ်နားခွင့် ပြုပါဦးလား ခင်ဗျာ ..... အားလုံးပဲ ကိုယ်စိတ်နှဖျာ ကျမ်းမာ ချမ်းသာ ကြပါစေလား ....... ။