- Posted by 4 ,~NLS~' {ALinn} on Febr 4, 2014
ဂျနီဗာ-July 7-2010
ဆွစ်ဇာလန်နိုင်ငံလုပ် နေရောင်ခြည်စွမ်းအင်သုံး လေယဉ်ပျံသည် ဗုဒ္ဓဟူးနေ့တွင် ပထမဆုံး ၂၄ နာရီကြာ မရပ်မနား စမ်းသပ်ပျံသန်းမှုကို စတင်ပြီဖြစ်ရာ ဤပျံသန်းမှုသည် သမိုင်းတစ်လျောက် နေရောင်ခြည်သုံး စွမ်းအင်ဖြင့် အကြာဆုံးပျံသန်းမှုကို သုတေသန ပြလုပ်ခြင်းလည်း ဖြစ်သည်။

Solar Impulse HB-SIA ဟု အမည်ရသော နေရောင်ခြည် စွမ်းအင်သုံး လေယဉ်သည် ထိုစီမံကိန်း၏ CEO Andre Borscherg က ထိမ်းချုပ်မောင်းနှင်လျက် ဒေသစံတော်ချိန် ၆ နာရီ ၅၀ မိနစ်တွင် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်း Payerne လေတပ်စခန်းမှ စတင်ထွက်ခွာပြီ ဖြစ်သည်။
တစ်ရက်လုံးလုံး ပျံသန်းနိုင်ရန်အတွက် လေယဉ်သည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့် ပေ ၂၇၈၀၀ ကျော် (၈၅၀၀ မီတာ) အထိ တဖြည်းဖြည်း မြင့်တက်သွားပြီး တစ်ချိန်တည်းမှာပင် ညပိုင်း ပျံသန်းရန်အတွက် နေရောင်ချည်စွမ်းအင်ကို အသုံးပြုပြီး ဘက်ထရီများကို အားသွင်းမည် ဖြစ်သည်။
နေရောင်ခြည်မှ ဆိုလာဆဲလ်များအတွက် လုံလောက်သော စွမ်းအင်ရရှိပြီဖြစ်သော နေမဝင်မီ ၂ နာရီခန့်အလိုမှ စတင်၍ လေယဉ်သည် တဖြည်းဖြည်း အောက်သို့နိမ့်ဆင်းလာပြီး နောက်ဆုံးတွင် အမြင့်ပေ ၄၉၀၀ ကျော် (၁၅၀၀ မီတာ) သို့ရောက်ရှိလာပြီး ညပိုင်းကို သိုလောင်ထားသော ဘက်ထရီတွင်းမှ စွမ်းအင်ကို အသုံးပြု၍ နောက်တစ်နေ့ မနက်အထိ ဆက်လက်ပျံသန်းမည် ဖြစ်သည်။
ကျွမ်းကျင် အဖွဲ့ဝင် ၇၀ အကူအညီပေးသူ ၈၀ ဖြင့် ၇နှစ်ကြာ အပြင်းအထန်ကြိုးပမ်း တီထွင်ခဲ့သော နေရောင်ခြည်စွမ်းအင်သုံး လေယဉ် Solar Impulse HB-SIA သည် ကိုယ်ထည်ကို ကာဗွန် ဖိုက်ဘာဖြင့် ပြုလုပ်ထားပြီး တောင်ပျံအကျယ် ၂၀၈ ပေ (၆၃.၄ မီတာ) ရှိပြီး Airbus A340 ခရီးသည်တင်လေယဉ်နှင့် တောင်ပံအကျယ်ခြင်းတူညီကာ အလေးချိန် ၁၆၀၀ ကီလိုဂရမ် လေးသည်ဟု သိရသည်။
PatheinCity News | Source:Xinhua | Ph0to:Xinhua
PatheinCity News | Source:Xinhua | Ph0to:Xinhua