- Posted by 4 ,~NLS~' {ALinn} on Febr 3, 2014
ယနေ့ခောတ် ရုပ်ရှင်လောကမှ မြန်မာ့ဂုဏ် အမျိုးဂုဏ်ကို ထိမ်းသိမ်းထားနိုင်သော .. ။
မင်းသမီးဟူရယ်လို့ မရှိတော့သလောက် ရှားပါးလာပါပြီး .. ။
မြန်မာမိန်းကလေးဖြစ်ပါရဲ့ မြန်မာ အဝတ်အစားများကို ဝတ်ရမည်ကိုတောင် .. ။
သိမ်ငယ်သလို ခံစားရတက်သူ မော်ဒဲယ်လေးတွေရဲ့ အကြောင်း တော်တော်များများကိုလည်း .. ။
ဆောင်းပါးများစွာတို့မှာ ဖတ်ခဲ့ဖူးပါတယ် .. ။
မြန်မာအမျိုးသမီးတို့ရဲ့ ယှဉ်ကျေးသိမ်မွေ့လွန်းလှတဲ့ ဝတ်ပုံ စားပုံ သွားပုံ လာပုံ ပြောပုံ တို့ဟာ .. ။
လွန်လေခဲ့ပြီးသော ခောတ်တစ်ခောတ်ရဲ့ အရိပ်ငွေ့ပမာ အနွေးဓါတ်လေးများအဖြစ်နဲ့သာ ယဲ့ယဲ့လေးပဲ ကျန်ပါတော့တယ် .. ။
အတုမြင်အတက်သင် ဆိုသည့်စကားအတိုင်း .. လူပေါင်းများစွာတို့၏ မြင်ကွင်းရှေ့မှာ .. ရုပ်လုံးပေါ် ကိုယ်ဟန်ဖော် သရုပ်ပျော်တို့၏
ဝတ်စားဆင်ယဉ်မှု့များကလည်း ပြင်ပမိန်းကလေးများတို့အတွက်တော့ အလေးထားရာ ဂရုပြုဖွယ် ကိစွရပ်တစ်ခုလို ဖြစ်နေပါပြီး .. ။
အနုပညာလောကမှာ ဘယ်မင်းသမီးလေးက ဘယ်လိုချောလို့ ဘာကို ဝတ်ပြီး ဘယ်လို လှလို့ ဆိုတဲ့ မျက်စေ့ဒေါင့်ထောက် အကြည့်ပေါင်းများစွာတို့ကြား မိန်းမပျိုလေးတို့၏ အတုယူမှားတက်တာမျိုးဟာလည်း ဒု့နဲ့ဒေးပါပဲ .. ။
မြန်မာဝတ်စုံလေးနဲ့ မြန်မာ့ယှဉ်ကျေးမှု့ကို ဖော်ဆောင်ထားသော ဝတ်စုံလေးများ ဝတ်ဆင်ထားသည့် .. ။
မင်းသမီးများကို အတုယူလို့ လိုက်ကာ ဝတ်ဆင်မည့်သူများမှာမူတော့ ရှားပါးလွန်းကာ .. ။
ဒူးပေါ် ပေါင်ပေါ် ရင်ဖော် မင်းသမီးများကို လှသည့်အထင်နဲ့ လိုက်ကာ ဝတ်ဆင်ကြသူ မိန်းမပျိုလေးများမှာမူတော့ .. ။
ပြောမကုန် အမောတဆုံးပဲ မဟုတ်ပါလား .. ။
ဒီလို မြန်မာ့ ယှဉ်ကျေးမှု့နဲ့ မအပ်စပ်တဲ့ ဝတ်စားဆင်ယှဉ်မှု့မျိုးကိုတော့ မိန်းကလေးတော်တော်များများက ဘာကြောင့်များ ကြိုက်နှစ်သက် ကြလည်းဆိုတာကတော့ မစဉ်စားတက်တော့ပါဘူး .. ။
လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးတွေကို လှပ နုညံလွန်းတဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးများနဲ့ ဖော်ကျူးလို့ ရပါရဲ့ .. ။
တိုင်းတစ်ပါးရဲ့ မတူညီကွာပြားခြားနားမှု့များကို အထင်ကြီးအားကျ အတုယူမှားသူများရဲ့ .. ။
အရှက်သိက္ခာကိုယ်ကျင့်တရားများအစားတော့ လွန်စွာ ပူဆွေးဝမ်းနည်း စိတ်မကောင်းဖြစ်မိပါတယ် .. ။
တချို့သောမိန်းကလေးများ၏ အပြောအဆိုအရတော့ ဒီလို မလုံ့တလုံ အဝတ်စားမျိုး ဝတ်ဆင်ရုံဖြင့် ကိုယ်ကျင့်တရား ပျက်ပြားမှု့ မရှိနိုင်ပါဘူး ဆိုတာကိုတော့ လက်ခံပါတယ် .. ။
သို့ပေမယ် .. မိမိကိုယ်တိုင်က မသိရှိလိုက်ပါပဲနဲ့ အရှက်သိက္ခာမဲ့စေတဲ့ ဒီလိုအပြူအမူကြောင့် .. ။
မိမိရဲ့ ကိုယ်ကျင့်တရားဟာ အလွန်လွယ်ကူစွာနဲ့ ပျက်စီးယိမ်းယိုင်နေပြီးဆိုတာကိုတော့ .. ။
ပြန်လည်း စဉ်စားသုံးသပ်ဖို့ လိုအပ်နေပြီးလို့ ထင်မြင်ယူဆရင် မှားမယ် မထင်ပါဘူး .. ။
အမျိုးဂုဏ် ဇာတိဂုဏ် နိုင်ငံ့ဂုဏ်ကို ဆောင်ခဲ့သူ ယခုလက်ရှိ မြန်မာ မင်းသမီးတွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်လောက်တဲ့ .. ။
ကျွှန်တော် အပါအဝင် အများတကာက လေးစား အားကျမိသူ .. ။
ခောတ်တစ်ခောတ်ရဲ့ မင်းသမီး ခရမ်းရောင်လွင်ပြင် ဒေါ်ဝင်းမင်းသန်း ရဲ့ .. ။
လေးစားစရာ ဂုဏ်ယူစရာ အားကျစရာ ချီးကျူးစရာများနဲ့ ပြည့်နှက်နေတဲ့ စာမျက်နှာ တစ်မျက်နှာကို .. ။
4MMFSM ပရိတ်သက်များအတွက် အစိမ်းရောင်လွင်ပြင် မှ မချောရေးသားသည့် .. ။
ခရမ်းရောင်လွင်ပြင် မင်းသမီးလေးအကြောင်းကိုယနေ့ခောတ်မြန်မာမိန်းကလေးများအတုယူရအောင်လို့မျှဝေပေးချင်ပါတယ် .. ။
အစိမ်းရောင်လွင်ပြင် မှ ခရမ်းရောင်လွင်ပြင် မင်းသမီးချောလေးအကြောင်းကိုတော့ ဆက်လက်ပြီး ဖတ်ရှု့နိုင်အောင် .. ။
မူရင်းရေးသားသူ မချော ၏ လက်ရာအတိုင်း ပို့(စ်) ကို ကူးယူဖော်ပြပေးထားပါတယ် .. ။
အားလုံးပဲ .. သုတအဖြာဖြာ ဗဟုသုတများစွာတို့ကို ရှာဖွေမွေးမြူနိုင်ကြပါစေလားခင်ဗျား .. ။