တရုတ်နိုင်ငံ မှ ဟွမ်ဂေါင်ဖူး (၄၁ နှစ်) သည် လေးနှစ်သား အရွယ်က ဆိုးဆိုးရွားရွား ဓာတ်လိုက်ခံ ရပြီး လက်နှစ်ဖက်စလုံး ဖြတ်ပစ်ခဲ့ ရသည်။ သို့သော် သူသည် ၁၂ နှစ် အရွယ် မှ စတင်၍ ခြေထောက်များကို အသုံးပြုကာ ပန်းချီ ရေးဆွဲရန် ကြိုးစား ခဲ့သည်။ သူသည် ယခုအခါ ခြေထောက်ဖြင့် သာမက ပါးစပ် နှင့် ပါ အလွန် လှပသော ပန်းချီကားများကို ရေးဆွဲ နိုင်သည်။သူသည် အသက် ၁၈ နှစ် အရွယ်တွင် ဖခင်ဖြစ်သူ မကျန်းမာ သောကြောင့် ကျောင်းမှ ထွက်ကာ ပန်းချီကားများ ရေးပြီး ပလက်ဖောင်းများ ပေါ်၌ ရောင်းချကာ အသက်မွေးခဲ့ ရသည်။ သို့သော် သူသည် ပန်းချီပညာကို ကြိုးစား ပမ်းစား လေ့လာခဲ့သောကြောင့် ယခုအခါ အသစ် ဖွင့်လိုက်သော ချုံကင်း ပြတိုက်၌ လက်ထောက် ကျမ်းပြုဆရာ အဖြစ် ခန့်အပ်ခံ ရကြောင်း သိရသည်။ ယခုအခါ သူ၏ ပန်းချီကားများ ကို ပြည်တွင်း ပြည်ပမှ ပန်းချီ စုဆောင်းသူများ က ပုံမှန် ၀ယ်ယူ နေကြကြောင်း သိရသည်။
|
ဟာသ ၊ ရသ ၊ ဗဟုသုတ သပ္ပံ ၊ စာပေ ထူးဆန်းထွေလာ
|