တစ်ခါက ဘုန်းကြီးလူထွက်တစ်ယောက်သည် တစ်ကိုယ်တည်းနေရတာ ငြီးငွေ့လာသဖြင့် အိမ်ထောင်ပြုလိုက်သည် .. ။
ဘုန်းကြီး လူထွက်ဆိုတော့လည်း ထုံးစံအတိုင်း အပျိုကြီးနဲ့ပဲ ရတာပေါ့ .. ။
သူ့စိတ်ကူးထဲမှာတုံးကတော့ မိန်းမရရင် အပြုအစု အယုအယခံပြီး ဇိမ်နဲ့နေရလိမ့်မယ်ထင်ခဲ့တာ .. ။
တကယ်တမ်းကျတော့ အပျိုကြီး (ဟိုစာရေးဆရာမ အပျိုကြီးတွေလိုပဲ)
ဘာမှမလုပ်တတ် ၊ မကိုင်တတ် .. ။
ထမင်းဟင်းတောင် ဖြောင့်အောင်မချက်တတ်သဖြင့် အချိုးမပြေတာတွေက များနေသည် .. ။
ဘုန်းကြီးလူထွက်ကလည်း ရဟန်းဘဝကလာတာဆိုတော့ တတ်နိုင်သမျှ သည်းခံပြီးနေနေရသည် .. ။
တစ်ရက်မှာတော့ ထမင်းက အရမ်းဆာနေတဲ့ အချိန်မှာ ချက်လို့ ပြုတ်လို့က မပြီးသေး .. ။
စောင့်ရင်းက အချိန်တွေကြာလာတော့ စိတ်တိုစပြုလာပြီ .. ။
တော်တော်ကြီးကြာမှ ကျက်ပြီဆိုပြီး ခူးခပ်ကျွေးသည် .. ။
ထမင်းကပျော့ပြဲနေသည် ၊ ဟင်းတွေက တူးခြစ်နေသည် ၊ ဟင်းချိုက ငန်ကျွတ်နေ၏ ၊
ဒီမှာ ဒေါသက ပေါက်ကွဲတော့သည် .. ။
သို့ရာတွင် ဘုန်းကြီး လူထွက်ဆိုတော့ ဌာန်ကရိုဏ်းကျအောင်လည်း မဆဲတတ် .. ။
စာသံ ပေသံနဲ့ ဟောတာပြောတာကလည်း အကျင့်ကြီးပါနေတော့ ..
"နင့်အမေကလွှားကြလေကုန်တော့သတည်း"
မင်းလူနှင့်ကိုလုံဆီမှ တစ်ဆင့် .. ။