ထင်ရှားစွာဖတ်ရှု့ရန် စာပေါ်ကလစ်ပါ .. ။
(မောင်ဟာသ)
4MM Flash Songs Music |
|
0 Comments
တစ်ခါက ဘုန်းကြီးလူထွက်တစ်ယောက်သည် တစ်ကိုယ်တည်းနေရတာ ငြီးငွေ့လာသဖြင့် အိမ်ထောင်ပြုလိုက်သည် .. ။
ဘုန်းကြီး လူထွက်ဆိုတော့လည်း ထုံးစံအတိုင်း အပျိုကြီးနဲ့ပဲ ရတာပေါ့ .. ။ သူ့စိတ်ကူးထဲမှာတုံးကတော့ မိန်းမရရင် အပြုအစု အယုအယခံပြီး ဇိမ်နဲ့နေရလိမ့်မယ်ထင်ခဲ့တာ .. ။ တကယ်တမ်းကျတော့ အပျိုကြီး (ဟိုစာရေးဆရာမ အပျိုကြီးတွေလိုပဲ) ဘာမှမလုပ်တတ် ၊ မကိုင်တတ် .. ။ ထမင်းဟင်းတောင် ဖြောင့်အောင်မချက်တတ်သဖြင့် အချိုးမပြေတာတွေက များနေသည် .. ။ ဘုန်းကြီးလူထွက်ကလည်း ရဟန်းဘဝကလာတာဆိုတော့ တတ်နိုင်သမျှ သည်းခံပြီးနေနေရသည် .. ။ တစ်ရက်မှာတော့ ထမင်းက အရမ်းဆာနေတဲ့ အချိန်မှာ ချက်လို့ ပြုတ်လို့က မပြီးသေး .. ။ စောင့်ရင်းက အချိန်တွေကြာလာတော့ စိတ်တိုစပြုလာပြီ .. ။ တော်တော်ကြီးကြာမှ ကျက်ပြီဆိုပြီး ခူးခပ်ကျွေးသည် .. ။ ထမင်းကပျော့ပြဲနေသည် ၊ ဟင်းတွေက တူးခြစ်နေသည် ၊ ဟင်းချိုက ငန်ကျွတ်နေ၏ ၊ ဒီမှာ ဒေါသက ပေါက်ကွဲတော့သည် .. ။ သို့ရာတွင် ဘုန်းကြီး လူထွက်ဆိုတော့ ဌာန်ကရိုဏ်းကျအောင်လည်း မဆဲတတ် .. ။ စာသံ ပေသံနဲ့ ဟောတာပြောတာကလည်း အကျင့်ကြီးပါနေတော့ .. "နင့်အမေကလွှားကြလေကုန်တော့သတည်း" မင်းလူနှင့်ကိုလုံဆီမှ တစ်ဆင့် .. ။ အရမ်းချစ်သော ဖခင် ဖြစ်သူက သူ၏သား မင်္ဂလာဦးညတွင် သေနတ် တစ်လက် ပေးလိုက်သည် .. ။
ပြီးတော့ပြောလိုက်သည်မှာ..... “သားရေ .....မင်းမိန်းမက အပျိုစင်စစ်စစ်ဆို ရင် ဒီသေနတ် နဲ့ မိုးပေါ်ကို တစ်ချက် ပစ်ဖောက်လိုက်ကွ .. ။ ... တကယ်လို့အပျိုမဟုတ်ခဲ့ရင်တော့ သူမကို ပစ်တာပစ်ထည့်လိုက် ကြားလား ဟေ့..သား....." "ဟုတ်ကဲ့ " လို့ ပြန်ဖြေလိုက်သည် .. ။ ဖခင်၏ စကားကိုမြေ၀ယ်မကျနားထောင်သည့် သားဖြစ်သူက .. ထိုမင်္ဂလာဦးညတွင် သေနတ်ဖြင့်မိုးပေါ်သို. ထောင်၍ တစ်ချက် ပစ်ဖောက်လိုက်သံကိုကြားရ၏ .. ။ အော်....ငါ့ သား ကံကောင်းလေစွဟု .. ဖခင်ဖြစ်သူလဲ ကျေနပ်ဝမ်းသာမိ၏ .. ။ ဒုတိယည ......တွင်မူဖခင်ဖြစ်သူ စာဖတ်နေတုန်း သေနတ်သံတချက် သူ့သား အခန်းဘက်မှ ထပ်မံကြားရလေသည် .. ။ သို့နှင့် အပြေးသွားကြည့်ရာ သားဖြစ်သူမှာ သူ့မိန်းမကိုပစ်သတ်ထားသည် ကိုတွေ့ရလေတော့၏ .. ။ တိန်....ကောင်းရော....ဒိုင်းညောင့်××××××××× ရီမောပျော်ရွှင်စေရန်သာ .. ။ အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ် .. ။
လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ် .. ။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ် .. ။ " ဒါ ဘာလုပ်တာလဲ" "ယောကျာ်းအပြန်ကို စောင့်နေတာလေ" "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" ... "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ် .. ။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး ၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ၊ ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ် .. ။ တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ် .. ။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ "ဒါ ည၀တ် အချစ်အင်္ကံင်္ျီလေ" လို့ ပြန်ဖြေလိုက်တော့ .. ။ အဘိုးအိုက " ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။ |
ဟာသ ၊ ရသ ၊ ဗဟုသုတ သပ္ပံ ၊ စာပေ ထူးဆန်းထွေလာ
|