- Posted by 4 ,~NLS~' {ALinn} on Febr 2, 2014
ဒီနေ့ တော့ အစိမ်းရောင်လွင်ပြင် လေးထဲက သက်တန့်ရောင် တောင်တန်းများ အကြောင်းလေး ကူးယူဖော်ပြပါမယ် .. ။
ကိုယ်ပိုင် Photo ကိုယ်ပိုင် အရေးအသားများနဲ့ 4MMFSM ဆိုဒ်လေးကို အလှမဆင်နိုင်သေးပေမယ့် .. ။
စိတ်ချမ်းမြေ့စွာနဲ့ လွတ်လပ် ပေါ့ပါးစွာ နေလိုသူများအတွက် စိတ်ထွက်ပေါက်များ အစဉ်အမြဲ ရရှိစေဖို့ လက်လှမ်းမှီသလောက် .. ။
ညီအကိုမောင်နှမများအတွက် ထူးဆန်းထွေလာ စာမျက်နှာလေးမှာ ထူးထူးဆန်းဆန်း အကြောင်းအရာလေးများကို .. ။
မျှဝေကာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် .. ။
ယနေ့ ကျွှန်တော်တို့တွေ ကမ္ဘာကြီးပေါ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ ဘယ်ညာ မခွဲခြားတက်ခင်ကတည်းက အခုချိန်ထိ .. ။
အမှောင်ပိတ်အခန်းလေးထဲ စမ်းတစ်ဝါးဝါးနဲ့ ဘာမှမသိ ဘာမှမတက် ဖြစ်နေကြဆဲပါ .. ။
ကမ္ဘာတဝှမ်း ကျွှန်တော်တို့တွေ အလည်ရောက်ဖို့ဆိုတာ လွယ်လွန်းတဲ့ ကိစွတော့ မဟုတ်ပါဘူး .. ။
ကျွှန်တော်တို့နဲ့ အလှမ်းဝေးကွာလွန်းလှတဲ့ ကမ္ဘာကြီးကို စိတ်ကူးယှဉ်အိပ်မက်ထဲမှာတာ အလှည်အပတ် ခရီးနှင်းဖူးကြမှာပါ .. ။
သို့ပေမယ့်လည်း အခုခောတ် အခုအခါမှာ လက်တွေ့ ရောက်ဖူးစရာ မလိုပဲ .. ။
Photo ဓါတ်ပုံ လေး ကြည့်ရုံဖြစ် မမြင်ဖူး မတွေ့ဖူးတာတွေ မြင်ရ တွေ့ရနေပြီး ဖြစ်ပါတယ် .. ။
တကယ်လက်တွေ့ အပြင်မှာ မြင်နေရတဲ့ ခံစားမှု့နဲ့ အနည်းငယ်တော့ ကွာခြားမှု့ရှိပါတယ် .. ခြွင်းချက်ပေါ့ .. ။
အခုလည်း အစိမ်းရောင်လွင်ပြင် ရဲ့ တင်ပြမှု့ကြောင့် ကျွှန်တော်ကိုယ်တိုင် တရုတ်ပြည်မှာ နေနေပေမယ့် .. ။
တရုတ်ပြည်မှာ ဒီလိုနေရာ ရှိလို့ ရှိမှန်းတောင် မသိရတဲ့ အဖြစ်ပါ .. ။
ဒါကြောင့် ဒီလို ထူးထူးဆန်းဆန်း သက်တန့်ရောင်စဉ်တောင်တန်းများကို ဖော်ပြတင်ဆက်ပေးတဲ့ အစိမ်းရောင်လွင်ပြင် .. ။
ဝဘ်ဆိုဒ် ဘလော့ပို့(စ်) ပိုင်ရှင် မချော ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် .. ။
အခွင့်ထူး အခွင့်ကြုံရင် ကျန်းစူးပြည်နယ် လေးက ထဲန်းရှ ဘူမိဗေဒဥယျာဉ် လေးဆီကို အလှည်အပတ်ခရီးနှင်းပါဦးမည် .. ။

သက်တန့်ရောက်စဉ် တောင်တန်းများ ရဲ့ အလှအပကိုတော့ အောက့်မှာ ဆက်လက် ကြည့်ရှု့နိုင်ပါတယ် .. ။
ကျွန်မတို့ကမ္ဘာမြေကြီးရဲ့ အချို့သော နေရာတွေမှာ ထူးဆန်းတဲ့ မြေမျက်နှာသွင်ပြင်တွေ ဖွဲ့စည်း တည်ဆောက်ပုံတွေ ဖြစ်ပေါ်လို့ နေတတ်ပါတယ်။ အဲဒီလို ထူးဆန်းတာတွေ ထဲကမှ သက်တန့်ရောင် ထဲမှာ ပါဝင်တဲ့ ရောင်စဉ်များလိုပဲ အရောင်တွေ အတန်းလိုက် အစဉ်လိုက် ဖြစ်ပေါ်နေတဲ့ တောင်တန်းတွေအကြောင်း ပြောပြချင်ပါတယ်..
ရုတ်တရက်ကြည့်လိုက်ရင် အခြားသော ဂြိုလ်ကမ္ဘာတစ်ခုခုလို့ ထင်သွားရလောက်ပြီး တကယ်ရှိတာ မဟုတ်ပဲ ကွန်ပျူတာ နည်းပညာနဲ့ ဖန်တီးထားတာလို့ ထင်ရလောက်အောင် အံ့သြဖွယ် ထူးဆန်းတဲ့ အရောင်အသွေးတွေနဲ့ ဖြစ်ပေါ်နေတဲ့ သက်တန့် ရောင်စဉ် တောင်တန်းတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ဖက်ရှိ ကျန်းစူးပြည်နယ်က ထဲန်းရှ ဘူမိဗေဒဥယျာဉ်ထဲမှာ တည်ရှိနေတာပါ။ ၂၀၁၀ခုနှစ်မှာတော့ ယူနက်စ်ကိုရဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသအဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်။
၎င်း သက်တန့်ရောင်စဉ် တောင်တန်းများဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၄သန်းခန့်က အနီရောင် သဲကျောက်လွှာတွေပေါ် သတ္တုဓာတ်တွေ တစ်လွှာပြီးတစ်လွှာ အနယ်ကျပြီးနောက် ရာသီဥတု၊ ရေ၊ လေတို့ တိုက်စားခံရပြီး ခုလို အလွှာအထပ်ထပ် ကိတ်မုန့်ပုံသဏ္ဍန် ရောင်စုံ တောင်တန်း တောင်ကုန်းတွေ ဖြစ်ပေါ်ခဲ့ရတာပါ။ သက်တန့်ရောင်စဉ် တောင်တန်းတွေကြားမှာပဲ သဘာဝရဲ့ ဖန်တီးမှုနဲ့ ဖြစ်ပေါ်နေတဲ့ တိုင်လုံးပုံသဏ္ဍန်တွေ၊ သဘာဝ မျှော်စင်တွေ၊ လျှိုမြောင် ချောက်ကမ်းပါး တောင်ချိုင့်ကြားတွေ၊ ရေတံခွန်တွေစသဖြင့် လေ့လာစရာ၊ သွားရောက်လည်ပတ် ကြည့်ရှုစရာ အများအပြား ရှိပါတယ်။
သက်တန့်ရောင်စဉ် တောင်တန်းတွေပေါ်မှာ သစ်ပင်တွေ ပေါက်ရောက်နေတာ မရှိသလောက်ဖြစ်ပြီးတော့ တောင်ကတုံးတွေ ဖြစ်နေတာကိုတာ တွေ့ရပါတယ်။ အချို့ တောင်စောင်းနဲ့ မြေပြန့် အနည်းငယ် လောက်မှာသာ မြက်ပင်၊ ချုံပင်လေးတွေ ကျို့တို့ ကျဲတဲ ပေါက်နေတတ်ပါတယ်။ သို့သော်ငြားလည်း အနီတစ်ကန့်၊ အပြာတစ်ကန့်၊ အဝါတစ်ကန့် အလီလီ အလာလာ စီခြယ် ထားပုံကတော့ဖြင့် မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှပါတယ်။ ဒါကြောင့်လည်း ခရီးသွားအများအပြား လာရောက် လေ့လာ လည်ပတ်ကြတဲ့ နေရာအဖြစ် တစ တစ ထင်ရှားလာပြီ ဖြစ်ပါတယ်။
အချိန်ရလို့ လည်စရာပတ်စရာ ရွေးချယ်တဲ့အခါ အရောင်စုံ ကျောက်လွှာတွေနဲ့ ဖွဲ့စည်းထားတဲ့ သက်တန့်ရောင်စဉ် တောင်တန်းများ၊ မြေလွှာမှာ ရှိရာ ထဲန်းရှဘူမိဗေဒဥယျာဉ်ကိုလည်း အရောက် သွားကြည့်သင့်ပါတယ်။
စာမရေးဖြစ်တာ ကြာသွားတဲ့အတွက် အားလုံး အားလုံးကို တောင်းပန်ပါတယ်။ အားလုံးလည်း ကိုယ်ရောစိတ်ပါ ကြည်လင်ရွှင်လန်းကြပါစေရှင့်..