မေလ ၉ ရက် နေ့ ည က ဗြိတိန်နိုင်ငံ ဆောက်သ်ဝေး ပြည်နယ် မာသာတစ်ဖဲလ် မြို့ရှိ နေအိမ်တွင် အီရင်မိုရန် (၁၀ နှစ်)သည် ပြတင်းပေါက်၌ ရှိနေစဉ် သူ့အား မိုးကြိုး ထိမှန်ခဲ့သည်။ မိုးကြိုးသည် ပြတင်းမှန်ကို ထိမှန်ကာ အီရင်၏ ဘယ်ဘက် လက်မောင်းသို့ ထိမှန် ခဲ့သည်။ ယင်းနောက် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းကာ ညာဘက် ခြေမမှ ပြန်ထွက် သွားခဲ့သည် ဟု ဆိုသည်။ မိုးကြိုး ထွက်ခွာသွားရာ နေရာတွင် အိပ်ခန်း ကော်ဇော၌ မီးလောင်ရာကြီး ပင် ကျန်ရစ်ခဲ့သည် ဟု ဆိုသည်။ သို့သော် အလွန် အံ့သြဖို့ ကောင်းစွာပင် အီရင်သည် မိုးကြိုး ပစ်စဉ် မှန်ကွဲစ ထိမှန်သည့် အမာရွတ် ကျန်ခဲ့သည်မှ လွဲ၍ မည်သည့် ထိခိုက်မှု မှ ဖြစ်ပေါ်ခြင်း မရှိကြောင်း သိရသည်။
ဟာသ ၊ ရသ ၊ ဗဟုသုတ သပ္ပံ ၊ စာပေ ထူးဆန်းထွေလာ
|