နေမျိုး | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၇ မိနစ်
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဒဟတ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ဆားခါတောင်ရှိ သဲကျောက်အုပ်စုဝင်ကျောက် များ ထုတ်ယူနေခြင်းကို ဒေသခံတို့က စိုးရိမ်ပူပန်လျက်ရှိနေသည်ဟု မဇ္ဈိမကို ပြောကြားခဲ့သည်။
“စက်ယန္တရားနဲ့ဆိုတော့ ပျက်စီးလွယ်တယ်။ ခဏနဲ့ ပျောက်သွားနိုင်တာပဲ။ ဒီနေ့ ..

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာက လည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အော်နိုင်သမျှ အော်နေရတာ၊ လက်တွေ့မှာ လယ်တွေ၊ ယာတွေ၊ သစ်တော
တွေတောင် ကျူးကျော်ပြီး လုပ်နေကြတာဆိုတော့ သဘာဝ ပတ်ဝန်းကျင်ကတော့ အန္တရာယ်ရှိနေတာပဲ” ဟု ဒေသခံ စာရေးဆရာ တစ်ဦးဖြစ်သူ မင်းထက်ငြိမ်းချမ်းက မဇ္ဈိမကို ပြော သည်။
ကျောက်များ ထုတ်ယူမှုကို ဘုရားဆင်းတုတော်များ ထုဆစ်ရန် ထုတ်ယူနေခြင်းဟု ဒဟတ်တောရွာ အုပ်ချုပ်ရေးမှူး ကိုမောင်လွင်က ဆိုသည်။
“သဲကျောက် သဘာဝကျောက်တွေဗျ ကျောက်ကြမ်းပဲ၊ သာသနိကအဆောက်အအုံနဲ့လွတ်တဲ့ ကျောက်တုံးတွေကို ကုမ္ပဏီကနေပြီးတော့ ၁၀ လက်မ ၂ ပေတုံးတွေ လှီးတာပေါ့။ ဘုရားတည်တဲ့အခါ အုတ်အစား အဲဒီသဲကျောက်တွေကို သုံးမယ်လို့ ပြောပါတယ်”ဟု ပြောသည်။
ကျောက်တုံးများကို တူးထုတ်ရာတွင် စို့ဖြင့်ဖောက်ကာ ဖြတ်စက်ဖြင့်တူးထုတ်နေသည်မှာ သုံးလခန့်ကြာမြင့်နေပြီ
ဖြစ်သည်။
အဆိုပါတောင်ကို ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ သွားရောက်ကြည့်ရှုခဲ့ပြီး မြန်မာတစ်ပြည်လုံး အကြီးဆုံး ဘုရားတည်မည်ဟု ပြောဆိုကာ ဆားခါတောင်မှ ကျောက်များ ထုတ်ယူခွင့်ပြုထားခြင်း ဖြစ်သည်ဟုလည်း ကိုမောင်လွင်က ပြောသည်။
မန္တလေးရှိ စကျင်ကျောက်တောင်များအား ရှေးဘုရင်များလက်ထက်ကပင် ဘုရားထုလုပ် ကိုးကွယ်ခဲ့ကြဖူးသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်က လာဘမုနိဘုရားကြီး တည်ထားကိုးကွယ်ရန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကျင်တောင်မှ စကျင်ကျောက်တုံးကြီးဖြင့် ဘုရားတည်ခဲ့ဖူးသည်။