နေမျိုး | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၀ မိနစ်
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဒု-ဗိုလ်ချုပ်ကြီး တင်ဦးနေအိမ်သို့ ပါဆယ်ဗုံးပို့
ဖောက်ခွဲလုပ်ကြံမှုနှင့် စွပ်စွဲခံရပြီး အပြစ်ဒဏ်ပေးခံရသူ ကိုမိုးကျော်သူနှင့် ဇနီးမောင်နှံတို့အတွက် နိုင်ငံကူး လက်မှတ် ရရှိရန် အကူအညီပေးမည်ဟု ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံး တာဝန်ရှိသူများက ဆက်သွယ်ပြောဆိုသည်ဟု ကာယကံ ရှင်များက မဇ္ဈိမကို ပြောသည်။
“ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးက ပြောတာ၊ လိုအပ်တာ အကူအညီပေးပါမယ်တဲ့၊ ရန်ကုန်မှာလာပြီးတင် ဖို့ ပြောပါ တယ်။
ဒီနေ့ .. ..

(စက်တင်ဘာ ၁၉ ရက်) ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို ကျွန်တော် ပတ်စ်ပို့ ကိစ္စသွားမေးခိုင်းတာဗျ။ ရန်ကုန်ရုံးက အဲဒီလိုပြောလိုက်တယ်”ဟု ကိုမိုးကျော်သူက မဇ္ဈိမကိုပြောသည်။
ကိုမိုးကျော်သူတို့ ဇနီးမောင်နှံသည် ၁၉၉၇ ခုနှစ်တွင် ထောင်ဒဏ် စတင်ကျခံခဲ့ရပြီး ၂၀၀၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ယင်းနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့
သော်လည်း မရရှိဘဲဖြစ်နေရာ တစ်နှစ်နီးပါး ကြာမြင့်သည့်အချိန်တွင် အာဏာပိုင်များမှ အကူအညီပေးမည်ဟု
ပြောဆိုလာခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ် ဗုံးပေါက်ကွဲမှုတွင် ဒု-ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီးဖြစ်သူ မချိုလဲ့ဦး သေဆုံးသွားခဲ့ရပြီး အာဏာပိုင်များ အနေဖြင့် ဖောက်ခွဲမှုကို စီမံဆောင်ရွက်သူအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ၊ နိုင်ငံတော်လုံခြုံမှုအတွက် အရေးကြီးသည်ဟု ဆိုကာ ကိုမိုးကျော်သူတို့ ဇနီးမောင်နှံအား ထောင်ဒဏ်အသီးသီး အပြစ်ဒဏ် ပေးခဲ့သည်။
၎င်းတို့က နိုင်ငံကူးလက်မှတ်သည် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သည့် အခွင့်အရေးဖြစ်ရာ ထိုအချိန်က ဗုံးပေါက် ကွဲမှုတွင်လည်း လုံးဝပတ်သက်ခြင်းမရှိကြောင်း သြဂုတ်လပိုင်းက မဇိ္ဈမနှင့် အင်တာဗျူးတွင် ပြောဆိုထားခဲ့သည်။
၁၉၉၇ ခု၌ ပါဆယ်ဗုံးလုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒု-ဗိုလ်ချုပ်ကြီး တင်ဦးသည် ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလက ကရင်ပြည်နယ်၊ ဘာအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်။