|
| ||||||||||||||||||||||||||||||||||||||
|
0 Comments
အင်တာဗျူး မေးမြန်းခန်း MM-Flash Songs မိသားစုဝင်များ ခင်ဗျာ .. ။ Zat ဆိုတဲ့ နာမည်လေးကို ရင်နှီးဖူးပြီးသား ဖြစ်မှာပါ .. ။ မကြာသေးခင်လေးကမှ MM-Flash Songs အိမ်လေးမှာ တင်ပြခဲ့တဲ့ ကျွှန်တော် ကိုယ်တိုင် ရေးသားထားသော မချစ်ဖူးသူ အချစ်ဦး ဆိုတဲ့ တေးသီချင်းလေးကို တီးဆိုပေးထားတဲ့ Zat ၏ မွေးနေ့ မတိုင်ခင် ညချမ်းလေးမှာပဲ Zat ကို အင်တာဗျူးလေး မေးမြန်းခဲ့ပါတယ် .. ။ ဟို့းအရင် 5.12.2011 တုန်းကလည်း တစ်ခါ အင်တာဗျူးမေးမြန်းခဲ့ဖူးပါတယ် .. ။ အဲ့တုန်းကZAT ရဲ့ အင်တာဗျူး လေးကို မဖတ်လိုက်ရသေးတဲ့ ပရိတ်သက်များအတွက် အခုတစ်ခါ ပြန်လည် မေးမြန်းထားပေးတဲ့အတွက် အားလုံးပဲ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .. ။ Zat က ဖုန်းနဲ့ သုံးနေတာ ဖြစ်တဲ့အတွက် စာရိုက်ရ အခက်အခဲ ဖြစ်နေပေမဲ့လည်း ကျွှန်တော် မေးသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့တဲ့ Zat ကို ဒီနေရာလေးကနေ ထပ်မံ၍ ကျေးဇူး အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ် .. ။ ကဲ MM-Flash Songs ပရိတ်သက်ကြီးရေ တက်သစ်စ အဆိုတော် Zat ကို အားပေးကြလိုက်ရအောင်လားဗျ .. ။ မင်္ဂလာပါ .. ဇတ်ရေ .. ။ ဟုတ် ... မင်္ဂလာပါဗျာ...
ဟုတ်ကဲ့ပါဗျာ နာမည်အရင်းကဇေယျာဖြိုးမောင်ပါဗျ အနုပညာနာမည်ကတော့ Zat ပါ တောင်ကြီးနည်းပညာတက္ကသိုလ်မှာ တတိယနှစ်ကျောင်းသားတစ်ယောက်ပါခင်ဗျ ခုလက်ရှိကျောင်းတက်ရင်းနဲ့သီချင်းတွေရေးတယ်သီချင်းတွေဆိုပါတယ်ခင်ဗျ
ဟုတ်တချို့က feat ဆိုပေးတာတွေရယ် duet တွေရယ်ဆိုတော့လေ
အင်းအရင်ကပေါ့နော် ကောင်မလေးတစ်ယောက်ကိုအရူးအမူးကြိုက်တယ် ဒါကိုသူကသိသိနဲ့ သူငယ်ချင်းပဲဖြစ်ချင်တယ်ပြောတော့ကြေကွဲခဲ့ရတာလေးပေါ့ ယုံကြည်ပေးပါ (believe me) ဆိုတဲ့သီချင်းလေးပေါ့ တဖက်သတ်ချစ်နေရတဲ့အချိန်လေးတွေလည်းရှိခဲ့တော့ တဖက်သတ်ချစ်ရသူ ဆိုတဲ့သီချင်းလေးရေးဖြစ်ခဲ့ပါတယ်။
သိသွားတယ်ဗျ ဟဲဟဲ :-)
ဘယ်လိုဖြေရှင်းလိုက်လဲဆိုတော့ ကိုယ့်အတွက်မင်းအချစ် သီချင်းကပြောပြပါလိမ့်မယ်ဗျ ဟဲဟဲ နားထောင်ကြည့်လိုက်ပါဗျ
အချစ်ဆိုတာရယူနေဖို့မဟုတ်သလို ပေးဆပ်နေဖို့လဲမဟုတ်ပါဘူး တစ်ယောက်ကိုတစ်ယောကိအပြန်အလှန်နားလည်ကြင်နာမှုလေးကအချစ်ပါပဲဗျာ (ကျွန်တော့်ခံယူချက်ပါ)
ဟုတ်ကဲ့ Guitar keyboard ခု Bass တီးနေပါတယ်
ဟုတ်ကဲ့လူတိုင်းချစ်ခင်လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့အဆိုတော်ဖြစ်ပြီ ဆိုရုံနဲ့မပြည့်စုံပါဘူး လူတိုင်းလက်ခံသဘောကျမှ အပေးအယူညီမျှမှလေ အဲ့တော့ပရိတ်သတ်ချစ်ခင်လေးစားရတဲ့အဆိုတော်တစ်ယောက်ဖြစ်အော် ကြိုးစားသွားမှာပါ ဟုတ်ကဲ့
ဟုတ်အိပ်ရေးဝဝအိပ်တယ်သီချင်းသွင်းစရာရှိရင် အစားအသောက်ဆင်ခြင်ရတာပေါ့နော် အလေ့အကျင့်ကတော့နေ့တိုင်းသီချင်းဆိုဖြစ်တော့အသံကိုထိန်းသိမ်းထားသလိုပေါ့ အလေ့အကျင့်လေးတစ်ခုပေါ့အသံမပျက်အောင်ပေါ့ ဟုတ်ကဲ့
ဟုတ်သီချင်းလေးတင်မယ်ပေါ့အစက .... ခုတော့အကြောင်းအမ်ျုးကြောင့်ခုလေးတင်ပဲတင်လိုက်ပါတယ် ဒါပေမယ့်မနက်ဖြန်မွေးနေ့မှာမတူတဲ့ Version လေးနဲ့တင်မယ်လို့စိတ်ကူးထားပါတယ် ဖန်တီးပေးသူကတော့ဟဲဟဲ တလောကမှပူပူနွေးနွေးတင်ထားတဲ့ မချစ်ဖူးသူအချစ်ဦး တေးရေးဆရာ အလင်း ပါပဲခင်ဗျ :-) ;-) ဒါ ဆို ကျွှန်တော်ပေါ့ .. ဟားဟား ဟားးးး .. ။ မိတ်ဆက်ပေးတာပါ ဟဲဟဲ ဟုတ်ကဲ့ပါ .. ။မနက်ဖြန်လေးမှာ ကျရောက်မဲ့ ဇတ်၏ မွေးနေ့မှသည် နောင် နှစ်ပေါင်း များစွာထိတိုင်အောင် အေးချမ်းခြင်းများ နှင့် ပြည့်နှဲ့၍ ပူလောင်ခြင်းများ ကင်ဝေးပါစေ.. ချစ်ခင်ရပါသော မိဘ ဆွေးမျိုး မောင်နှမ သူငယ်ချင်းး အပေါင်းအသင်း ပရိတ်သက်များ အားလုံးနှင့် ဇတ် ဝါသနာပါသော ဂီတအနုပညာတို့ဖြင့် ပျော်ရွှင်စရာ နေ့သစ်လေးကို အစဉ်အမြဲ ထာဝရ ပိုင်ဆိုင်ပါစေလို့ ကျွှန်တော်ကနေပြီးတော့ မွေးနေ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ .. ။ ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ ဗျာ ခုလိုမေးမြန်းပေးတဲ့ကို အလင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ .. ပရိတ်သက်တွေ အတွက် ဇတ်ကနေပြီးတော့ စကားလက်ဆောင်လေး ပြောခဲ့ပေးပါဦး .. ။ ဟုတ် ကျွန်တော့်ကိုအားပေးတဲ့အစ်ကိုအစ်မတွေ အားလုံး ဆက်လက်အားပေးပါဦးလို့ ဒီ့ထက်ကောင်းတဲ့ အသစ်အသစ်သောသီချင်းတွေကိုဖန်တီးသွားပါမယ်လို့ ပြီးတော့ပရိတ်သတ်ကြီးအားလုံးလည်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ အနုပညာသမားတစ်ယောက်ရဲ့မနက်ဖြန်ကပရိတ်သတ်ရဲ့လက်ခုတ်သံပါပဲလို့ပြောပါရစေဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။ ဟုတ်ကဲ့ပါ အခုလို ဖြေကြားပေးတဲ့ ဇတ်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် .. ။ဇတ်ကို ဆက်သွယ်ချင်တယ်ဆို ဘယ်လို ဆက်သွယ်လို့ ရနိုင်မလဲ ခင်ဗျာ .. ။ Gtalk အကောင့်ကတော့ [email protected] အားလုံးကို ခင်တက်ပါတယ် .. ။ ဟုတ်ကဲ့ကျွန်တော်လည်းပြန်ဆုံချင်ပါသေးတယ်ခင်ဗျ ခုလိုဆုံတွေ့ရတဲ့အတွက်လည်းကျေနပ်ဝမ်းသာပါတယ်ဗျာ။အင်တာဗျူးလေးကို အားပေးကြသော ပရိတ်သက်များ အားလုံး
|
Songs Albumသီချင်းသစ်များကို စုစည်း၍ Albumအဖြစ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ လစဉ်တင်ဆက်မှူ့
July 2013
ယောက်ျားလေးအဆိုတော်များ
All
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||










RSS Feed

