|
|
0 Comments
အင်တာဗျူး မေးမြန်းခန်း MM-Flash Songs မိသားစုဝင်များ ခင်ဗျာ .. ။ Zat ဆိုတဲ့ နာမည်လေးကို ရင်နှီးဖူးပြီးသား ဖြစ်မှာပါ .. ။ မကြာသေးခင်လေးကမှ MM-Flash Songs အိမ်လေးမှာ တင်ပြခဲ့တဲ့ ကျွှန်တော် ကိုယ်တိုင် ရေးသားထားသော မချစ်ဖူးသူ အချစ်ဦး ဆိုတဲ့ တေးသီချင်းလေးကို တီးဆိုပေးထားတဲ့ Zat ၏ မွေးနေ့ မတိုင်ခင် ညချမ်းလေးမှာပဲ Zat ကို အင်တာဗျူးလေး မေးမြန်းခဲ့ပါတယ် .. ။ ဟို့းအရင် 5.12.2011 တုန်းကလည်း တစ်ခါ အင်တာဗျူးမေးမြန်းခဲ့ဖူးပါတယ် .. ။ အဲ့တုန်းကZAT ရဲ့ အင်တာဗျူး လေးကို မဖတ်လိုက်ရသေးတဲ့ ပရိတ်သက်များအတွက် အခုတစ်ခါ ပြန်လည် မေးမြန်းထားပေးတဲ့အတွက် အားလုံးပဲ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .. ။ Zat က ဖုန်းနဲ့ သုံးနေတာ ဖြစ်တဲ့အတွက် စာရိုက်ရ အခက်အခဲ ဖြစ်နေပေမဲ့လည်း ကျွှန်တော် မေးသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့တဲ့ Zat ကို ဒီနေရာလေးကနေ ထပ်မံ၍ ကျေးဇူး အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ် .. ။ ကဲ MM-Flash Songs ပရိတ်သက်ကြီးရေ တက်သစ်စ အဆိုတော် Zat ကို အားပေးကြလိုက်ရအောင်လားဗျ .. ။ မင်္ဂလာပါ .. ဇတ်ရေ .. ။ ဟုတ် ... မင်္ဂလာပါဗျာ...
ဟုတ်ကဲ့ .. ဇတ်ကို ဟိုအရင် တစ်ခါကလည်း အင်တာဗျူးဖူးပါတယ် .. ။ အခုတစ်ခေါက်လည်းပဲ ပြန်တွေ့ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ် ခင်ဗျာ .. ။ ဟုတ်ကဲ့ပါကျွန်တော်ကလဲခုလိုပြန်ဆုံတွေ့ရလို့်အတိုင်းမသိဝမ်းသာပါတယ်ဗျာ။ အရင် အင်တာဗျူးလေးကို မဖတ်ရသေးတဲ့ ဇတ်ရဲ့ ပရိသတ်များအတွက် ဇတ်ရဲ့ ကိုယ်ရေး အကျင်းချုပ်လေးကို ပြောပြပေးပါဦး ခင်ဗျာ .. ။ ဟုတ်ကဲ့ပါဗျာ နာမည်အရင်းကဇေယျာဖြိုးမောင်ပါဗျ အနုပညာနာမည်ကတော့ Zat ပါ တောင်ကြီးနည်းပညာတက္ကသိုလ်မှာ တတိယနှစ်ကျောင်းသားတစ်ယောက်ပါခင်ဗျ ခုလက်ရှိကျောင်းတက်ရင်းနဲ့သီချင်းတွေရေးတယ်သီချင်းတွေဆိုပါတယ်ခင်ဗျ ဟုတ်ကဲ့ပါ .. ။ အခုလို ကျောင်းက တဖက် သီချင်းလေးတွေ က တဖက်နဲ့ ဆိုတော့ ပညာရေးမှာကော် ထိခိုက်နိုင်တာမျိုး ရှိလား မသိဘူး .. ။ ဟုတ်ကဲ့ရှိပါတယ်ခင်ဗျအဓိကကတော့ကျောင်းပျက်ရတာတွေပေါ့နော် စာဖက်ကိုလည်းအားမလျှော့အောင်ဂရုစိုက်ရတာပေါ့အစ်ကိုရယ် အရေးကြီးတယ်လေနှစ်မျိုးလုံးကစာကတော့ခုအချိန်ပိုအရေးကြီးပါတယ်ဗျ။ ဟုတ်ကဲ့ .. အဲ့သလို ပညာရေးမှာ ထိခိုက်တာမျိုးတွေ ဖြစ်လာတော့ သီချင်းဖက်ကို အားလျော့သွားတဲ့ အခါမျိုးလေးတွေကော် ရှိဖူးလား .. ။ ဟုတ်ကဲ့ .. အခု ဆို ဇတ်ရဲ့ ကြိုစား မှူ့တွေကြောင့် အောင်မြင်မှူ့ လမ်းစသစ်ကို ရောက်ရှိလုလု ဖြစ်နေပါပြီး ဒါကြောင့်မို့ ဇတ်ရဲ့ ကြိုစားခဲ့သမျှ ရလဒ်တွေ အပေါ် အမြင်လေးကို ပြောပြပေးပါဦး .. ။ ဟုတ်ကျွန်တော်မအောင်မြင်သေးပါဘူးခင်ဗျ နောက်ထပ်အများကြီးကြိုးစားရပါဦးမယ်ခင်ဗျ ခုကျွန်တော်ကြိုးစားသလောက်ပိုင်ဆိုင်ရတဲ့အောင်မြင်မှုတွေကိုသိပ်တော့အားမရသေးပါဘူးခင်ဗျ ဟုတ်ကဲ့ .. ဇတ်က ဘယ်လို အောင်မြင်မှူ့မျိုးကို လိုချင်တာပါလည်း .. ။ ဟုတ်ကဲ့ . အခုဆို ဇတ်က သီချင်းလေးတွေ အတော်များများ တီးဆိုပြီးသွားပြီးနော် .. ။ ဟုတ်ကဲ့ ကျွှန်တော်သိတာ အခုဆို အပုဒ်ရေ 20 ကျော်နေပြီးနော် .. ။ ဟုတ်တချို့က feat ဆိုပေးတာတွေရယ် duet တွေရယ်ဆိုတော့လေ ဟုတ်ကဲ့ .. ဇတ်ရဲ့ သီချင်းလေးတွေက Pop အေးအေးလေးတွေ များတယ်နော် .. ဇတ်က ဘယ်လို ခံစားမှူ့မျိုးကို သီချင်းလေးတွေ အဖြစ် ဖန်တီးဖြစ်တာလဲ .. ။ ဒါဆို ဇတ်က အချစ်ရဲ့ ကျေးကျွန်းဖြစ်ခဲ့ဖူးတာပေါ့နော် .. ဘယ်လိုအချစ်မျိုးနဲ့ ကြုံခဲ့ဖူးရတာလည်းဆိုတာလေး ပြောပြပေးလို့ ရမလား ခင်ဗျာ .. ။ အင်းအရင်ကပေါ့နော် ကောင်မလေးတစ်ယောက်ကိုအရူးအမူးကြိုက်တယ် ဒါကိုသူကသိသိနဲ့ သူငယ်ချင်းပဲဖြစ်ချင်တယ်ပြောတော့ကြေကွဲခဲ့ရတာလေးပေါ့ ယုံကြည်ပေးပါ (believe me) ဆိုတဲ့သီချင်းလေးပေါ့ တဖက်သတ်ချစ်နေရတဲ့အချိန်လေးတွေလည်းရှိခဲ့တော့ တဖက်သတ်ချစ်ရသူ ဆိုတဲ့သီချင်းလေးရေးဖြစ်ခဲ့ပါတယ်။ ဟုတ်ကဲ့ .. အဲ့သီချင်းလေးတွေက တော်တော်များများ အကြိုက်တွေ့ကြပါတယ် .. ။ ဟုတ်ကဲ့.. ဇတ်က ကိုယ်ပိုင် သံစဉ် ကိုယ်ပိုင် စာသားတွေ ဆိုတာ ရေးတာတွေ လည်း တွေ့ရပါတယ် .. ။ ရှိတယ်ဗျတစ်ပုဒ်ရှိတယ် ပြန်ခဲ့ပါ ဆိုတဲ့သီချင်းလေးပါ loso ရဲ့သီချင်းလေးပါအရမ်းကြိုက်လို့ပြန်တီးထားတာပါခင်ဗျ ဟုတ်ကဲ့ ကော်ပီ ဆိုတာကတော့ ဂီတ မြူးဇစ် လောကမှ အတော်များများနဲ့ မကင်းရှင်းကြပါဘူး .. ။ ဟုတ်ကဲ့ ဇတ်က သီချင်း တွေ အပေါ်မှာ ဝါသနာ အရ ရူးသွပ်မှူ့ကြောင့် လုပ်ဖြစ်ခဲ့တာလား ဒါမှ မဟုတ် အခြား တွန်းအားတွေ ကြောင့်များ လုပ်ဖြစ်သွားတာလား .. ။ အဲ့သလို ဝါသနာ အရ သီချင်းတွေ ကို လုပ်ဖြစ်ခဲ့တာဆိုတော့ ဘယ်ချိန် ဘယ်ကာလတုန်းက စပြီးလုပ်ဖြစ်ခဲ့တာပါလဲ .. ။ ဟုတ်ကဲ့ .. ဇတ်ရဲ့ ဘယ်သီချင်းကို အရင်ဆုံး စတင် တီးဆိုဖြစ်ခဲ့တာပါလဲ .. ။ အပြုံးပိုင်ရှင် ပါခင်ဗျ အဲ့သီချင်းလေးက အေးအေးလေးနဲ့ မြူးသွားသလို ခံစားရတယ် .. ကိုယ်ပိုင်သံစဉ်ပါလား ခင်ဗျာ .. ။ ဟုတ်ပါတယ်ခင်ဗျ အဲ့သီချင်းလေးလဲ လူကြီးလူငယ်ကြိုက်ကြတယ်ဗျ ကိုယ်ပိုင်သံစဉ်လေးပါခင်ဗျ အဲ့သီချင်းလေးက ဘယ်လိုကစပြီး လုပ်ဖြစ်ခဲ့တာလည်း ပြောပြလို့ ရမလား ခင်ဗျာ .. ။ အဲ့ သီချင်းလေးရဲ့ အပြုံးပိုင်ရှင်ကကော် သူရဲ့ အပြုံးကို ဇတ်က ယူသွားမှန်း သိသွားပြီးလား .. :) သိသွားတယ်ဗျ ဟဲဟဲ :-) အဲ့တော့ ဇတ်က ဘယ်လိုများ ဖြေရှင်းလိုက်ရလည်း မသိဘူးနော် .. :P ဘယ်လိုဖြေရှင်းလိုက်လဲဆိုတော့ ကိုယ့်အတွက်မင်းအချစ် သီချင်းကပြောပြပါလိမ့်မယ်ဗျ ဟဲဟဲ နားထောင်ကြည့်လိုက်ပါဗျ ဟုတ်ကဲ့ ဒီသီချင်းလေးက မနက်ဖြန်မှာ ကျရောက်မဲ့ ဇတ်ရဲ့ မွေးနေ့ ကလေးမှာ ဒါဆို ဇတ်က အခု ချစ်သူ ရှိနေပြီးပေါ့ .. ဟဲဟဲ ဒီလိုပါပဲဗျ သွားရင်းလာရင်းပေါ့ သူကသီချင်းလေးထဲကလိုလှနေတော့ ချစ်မိသွားပါတယ်ခင်ဗျ :-) အချစ်ဆိုတဲ့ အပေါ်မှာ ဇတ်ရဲ့ ခံစားမိတဲ့ ခံစားချက်လေးတွေကိုလည်း ပြောပြပေးပါဦး .. ။ အချစ်ဆိုတာရယူနေဖို့မဟုတ်သလို ပေးဆပ်နေဖို့လဲမဟုတ်ပါဘူး တစ်ယောက်ကိုတစ်ယောကိအပြန်အလှန်နားလည်ကြင်နာမှုလေးကအချစ်ပါပဲဗျာ (ကျွန်တော့်ခံယူချက်ပါ) ဟုတ်ကဲ့ .. ဇတ်ရဲ့ အခုတလော အနုပညာ လှုပ်ရှာ မှု့လေးတွေကိုလည်း သိပါရစေ ခင်ဗျာ .. ။
ဇတ်ကိုယ်တိုင် တီး ကိုယ်တိုင် ရေး ပေါ့နော် ကိုယ်တိုင်ကော် မဆိုဘူးလား .. ။ ဟုတ်ကဲ့ ဇတ်က သီချင်း ရေးတာ ဆိုတာ အပြင် အတီးကိုလည်း ဝါသနာ ပါတယ် ထင်တယ်နော် .. ။ ဟုတ်ကဲ့ Guitar keyboard ခု Bass တီးနေပါတယ် ဟုတ်ကဲ့ ဂီတ အပြင် အခြား ဘာတွေများ ဝါသနာ ပါသေးလဲ ခင်ဗျာ .. ။ ပန်းချီ ရယ် ဓာတ်ပုံရိုက်တာရယ် ပေါ့နော် ဇတ်ရဲ့ အဖြစ်ချင်ဆုံး ရည်မှန်းချက်က ဘာများဖြစ်မလဲ .. ။ ဟုတ်ကဲ့လူတိုင်းချစ်ခင်လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့အဆိုတော်ဖြစ်ပြီ ဆိုရုံနဲ့မပြည့်စုံပါဘူး လူတိုင်းလက်ခံသဘောကျမှ အပေးအယူညီမျှမှလေ အဲ့တော့ပရိတ်သတ်ချစ်ခင်လေးစားရတဲ့အဆိုတော်တစ်ယောက်ဖြစ်အော် ကြိုးစားသွားမှာပါ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ .. ဇတ်ရဲ့ တစ်နေ့တာ အပြင်ပန်း လှူပ်ရှား မှူ့လေးတွေကိုလည်း ပြောပြပေးပါဦး .. ။ ဟုတ်ကဲ့ .. အဆိုတော် တစ်ယောက်မှာ အသံဆိုတာက အဓိကပေါ့နော် အသံက အမြဲ ကြည်လင်ပြတ်သားနေမှတာ သီချင်းကောင်း တစ်ပုဒ်ဆိုတာ ဖြစ်လမှာလေ .. ။ ဟုတ်အိပ်ရေးဝဝအိပ်တယ်သီချင်းသွင်းစရာရှိရင် အစားအသောက်ဆင်ခြင်ရတာပေါ့နော် အလေ့အကျင့်ကတော့နေ့တိုင်းသီချင်းဆိုဖြစ်တော့အသံကိုထိန်းသိမ်းထားသလိုပေါ့ အလေ့အကျင့်လေးတစ်ခုပေါ့အသံမပျက်အောင်ပေါ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ .. ဇတ်ရဲ့ မနက်ဖြန်လေး မှာ ကျရောက်မဲ့ မွေးနေ့က ခုမှ ၁၉ ပြည့်တာပါဗျ ဟုတ်သီချင်းလေးတင်မယ်ပေါ့အစက .... ခုတော့အကြောင်းအမ်ျုးကြောင့်ခုလေးတင်ပဲတင်လိုက်ပါတယ် ဒါပေမယ့်မနက်ဖြန်မွေးနေ့မှာမတူတဲ့ Version လေးနဲ့တင်မယ်လို့စိတ်ကူးထားပါတယ် ဖန်တီးပေးသူကတော့ဟဲဟဲ တလောကမှပူပူနွေးနွေးတင်ထားတဲ့ မချစ်ဖူးသူအချစ်ဦး တေးရေးဆရာ အလင်း ပါပဲခင်ဗျ :-) ;-) ဒါဆို ကျွှန်တော်ပေါ့ .. ဟားဟား ဟားးးး .. ။ မိတ်ဆက်ပေးတာပါ ဟဲဟဲ ဟုတ်ကဲ့ပါ .. ။ မနက်ဖြန်လေးမှာ ကျရောက်မဲ့ ဇတ်၏ မွေးနေ့မှသည် နောင် နှစ်ပေါင်း များစွာထိတိုင်အောင် အေးချမ်းခြင်းများ နှင့် ပြည့်နှဲ့၍ ပူလောင်ခြင်းများ ကင်ဝေးပါစေ.. ချစ်ခင်ရပါသော မိဘ ဆွေးမျိုး မောင်နှမ သူငယ်ချင်းး အပေါင်းအသင်း ပရိတ်သက်များ အားလုံးနှင့် ဇတ် ဝါသနာပါသော ဂီတအနုပညာတို့ဖြင့် ပျော်ရွှင်စရာ နေ့သစ်လေးကို အစဉ်အမြဲ ထာဝရ ပိုင်ဆိုင်ပါစေလို့ ကျွှန်တော်ကနေပြီးတော့ မွေးနေ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ .. ။ ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ ဗျာ ခုလိုမေးမြန်းပေးတဲ့ကို အလင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ .. ပရိတ်သက်တွေ အတွက် ဇတ်ကနေပြီးတော့ စကားလက်ဆောင်လေး ပြောခဲ့ပေးပါဦး .. ။ ဟုတ် ကျွန်တော့်ကိုအားပေးတဲ့အစ်ကိုအစ်မတွေ အားလုံး ဆက်လက်အားပေးပါဦးလို့ ဒီ့ထက်ကောင်းတဲ့ အသစ်အသစ်သောသီချင်းတွေကိုဖန်တီးသွားပါမယ်လို့ ပြီးတော့ပရိတ်သတ်ကြီးအားလုံးလည်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ အနုပညာသမားတစ်ယောက်ရဲ့မနက်ဖြန်ကပရိတ်သတ်ရဲ့လက်ခုတ်သံပါပဲလို့ပြောပါရစေဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။ ဟုတ်ကဲ့ပါ အခုလို ဖြေကြားပေးတဲ့ ဇတ်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် .. ။ ဇတ်ကို ဆက်သွယ်ချင်တယ်ဆို ဘယ်လို ဆက်သွယ်လို့ ရနိုင်မလဲ ခင်ဗျာ .. ။ Gtalk အကောင့်ကတော့ [email protected] အားလုံးကို ခင်တက်ပါတယ် .. ။ ဟုတ်ကဲ့ကျွန်တော်လည်းပြန်ဆုံချင်ပါသေးတယ်ခင်ဗျ ခုလိုဆုံတွေ့ရတဲ့အတွက်လည်းကျေနပ်ဝမ်းသာပါတယ်ဗျာ။ အင်တာဗျူးလေးကို အားပေးကြသော ပရိတ်သက်များ အားလုံး
|
Songs Albumသီချင်းသစ်များကို စုစည်း၍ Albumအဖြစ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ လစဉ်တင်ဆက်မှူ့
July 2013
ယောက်ျားလေးအဆိုတော်များ
All
|