Artists................ ToeGyii, Moe Mhon, Nage, Ft.Saw Tun
Music................. Nage
Studio................ Strings Recordz
|
lyrics >>>
RAP1:
- 2010,Rap တွေစလုပ်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့..
- အောင်မြင်မှုကိုကြည့်ပါဦး ဘ၀တက်လမ်းလည်း ပျောက်ကွယ်....
- အမှားနဲ့အမှန်ရဲ့နောက်ကွယ်ထဲငါ အားနဲ့မာန်နဲ့လျှောက်ခဲ့...
- Bar လည်းမမှန်ပဲ Key ကချော် ဘီးကျဲတွေက ဟောက်တယ်...
- ငါရွေးချယ်ပြီးတော့လျှောက်တဲ့လမ်းကို ဘယ်သောအခါမှ နောက်မလှည့်စတမ်း...
- ငါ့ကိုမျက်စေ့နောက်တယ်ပေါ့ ခင်ဗျားကိုလည်း ကျွန်တော် ကြောက်တယ် (အဟမ်း)
- စမ်းတ၀ါးဝါး အိပ်မက်တွေမက်ခဲ့ဖူး တစ်ခမ်းတနားနား
- စင်ပေါ်ကိုရောက်ရင်ပေါ့.. နာမည်ကြီးပြီးလန်းသွားမှာ..
- အဲ့လိုမျိုး မှန်းဆလာသမျှ တဖြည်းဖြည်းလက်ပမ်းကျကာ ငါ.....
- (ကိုယ့်ဘ၀ကိုယ် နားလည်လာတယ်..) ပန်းတိုင်ဆိုတာက ဘယ်မှာလဲ...
- မရယ်ပါနဲ့ သယ်လာတဲ့ ပြဿနာများစွာကြားက ငါ့မှာ..
- ပိုက်ဆံ လေး,ငါးရာခါးမှာညှပ်ပြီး ကွမ်းယာဝါးတာ ဘ၀လား..
- မှတ်ထားပါ တစ်နေ့တော့ ဖြစ်မှာပေါ့ ကြိုးစားပြီးလျှောက်ခဲ့တဲ့ ရက်များစွာ...
- ငါ့..အသိုင်းအ၀ိုင်းကြားမှာပြောကြသလိုအလကားလား...
- ဟုတ်တယ်ထားပါ ကျုပ်ရဲ့ဘ၀မှာ လုပ်ခဲ့သမျှ ပန်းချီ စုတ်ချက်များ...
- ပိုက်ဆံ မချမ်းသာရင်နေပါစေ... အကျင့်စာရိတ္တမယုတ်ပက်ပါ......
CHO:
~ ငွေဆိုတာ ရှိမှတင့်တယ်တယ်... ဒီ အသိုင်းအ၀ိုင်းကြား...
~ အဖြေဆိုတာ သဘာဝရဲ့ပုစ္ဆာတွေ... ခိုင်းနှိုင်းမှုများနဲ့...
~ အသက်ဆက်နေတယ်.. မတ်တပ်ရပ်နေ လဲကျအောင်လုပ်သူရှိရင် ဘာမှပြန်မပြောပဲ...
~ အစကနေဆွဲ ငါ့ဘ၀နေ့ထဲ... (ငါ့သိက္ခာငါလုံတယ်..) ခံယူချက်နဲ့ဆက်နေမယ်...
RAP2:
~ $ဆံရှိတော့မှ $ဖတ်လုပ်မှာ $ဆံမရှိရင် နောက်တစ်ချက်ဆုတ်
~ တခေါက်ပြန်ပြီး မကြောက်တတ်ရုပ်က ငရဲရောက်ပြန်ခရီနဲ့ ဒေါက်တစ်ဖက်ပြုတ်
~ $ဆံအောက်တော့ အရောက်မခံတဲ့ဘ၀ $ဆံရှိသူ ကြောက်ရန်လဲမပါ
~ $ဆံနောက်ကို တကောက်ကောက်လိုက် $ဆံကြောင့်အသက် ပျောက်မခံရဲပါ...
~ ပိုက်ဆံအကြောင်းပြောရင် $ချင်းထပ် အိပ် ကပ်ပြန်မဖောင်းလို့ နောက်သီချင်းထွက်မလာ
~ မခက်လား ဘ၀က နေတတ်ရင်သက်သာ ပြောလဲ အခု ငွေမရှိရင်ပြသနာ
~ ရှိရင် တိမ်တွယ်တတ် မရှိရင် သိမ်ငယ်တတ်တာ
~ (ငါသာ ထီပေါက်လို့ကတော့...) မကျေနပ်တာတွေ ကျိန်တွယ်လျက်ပါ...
~ အိမ်မယ်သက်ထား ငွေမရှိရင် မိန်းမက ကျိန်းမယ်လက်ဝါး
~ အခင်တွယ်ဆုံး အိမ်း ဘယ်နှယ့် အိတ်ကပ်ဗလာနဲ့ကျ သူစိမ်းတဲ့ မှတ်ပလား
~ မရှိရင် အေးစက်လက်များ ရှိရင်ဖက်ထားမှာ
~ အရင်က ငှက်မျက်နား အခုတော့ ရွှေရောင်ပျောက်လို့ ဘယ်သူ့မှအထက်မထားပါ...
~ ငွေဆိုတာမျိုးက ကစားစရာ ချောက်ကမ်းပါးနက် နက်နားမှာ
~ ရှိသရွှေ့တော့ ကစားလို့ဆုံးတယ်မရှိ မရှိတော့ထွက်သွားပါ
~ styleလုပ်မယ် မပြတ်သားနား i phoneတဲ့ ကပ်ကြွားမလား
~ ချမ်းသာမှုရဲ့နောက် အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာလေးတော့ ကပ်ထားကြ...
RAP3:
- သာရင်ပေါင်းမယ် ငွေဆိုတဲ့အဝိုင်းပြာတွေ မပါရင်ဂျောင်း
- Nageတစ်ယောက် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလဲရတဲ့ ဘဝရဲ့လှည့်ကွက်အကြောင်း
- အဲ့အတွက်ကြောင့် အမှန်တရားကို လှည့်ပတ်ကြတယ် ငရဲလဲမကြောက်
- သိက္ခာကို တန်ဖိုးမထားဘူး နံရိုးကြားယူ သတ်မှတ်ကြတယ် ဖွဲစကွဲလောက်…
- ခင်ရာက ဆွေမျိုး မိန်ရာက ဟင်းကောင်းဆိုပဲ
- အဲ့လိုမျိုးသဘောထားတော့လဲ လည်မျိုပေါ်တတ် နင်းဆောင့်လို့ဆဲ
- ဒင်းကြောင့်မို့တဲ့ အသိုက်တွေ စာရင်းပျောက်လို့ကွဲတယ်
- သိက္ခာအဆင့်အတန်း မင်းဘယ်လောက်မို့လဲတဲ့…
- ရွှေရှိမှအမျိုးတော်တော့ မြေမထိပါ မိုးပေါ်
- တစ်နွေပြီးမှ အကျိုးမပေါ်တော့ Nageက သူခိုးဂျပိုးပေါ့
- အဲ့လိုမျိုးပေါ့ အဆံရှိရင် လာပါလိမ့်မယ် ဖားကြယားကြ
- ခြေထောက်အောင်ဝတ်ဆင်း သားသားသားသားနဲ့ အနားနားခစား…
- အားအားယားယား ထမင်းဆီဆမ်း ငွေလင်ဗန်နဲ့ အိပ်မက်ကလေးတွေ
- မှော်လင့်သလိုဖြစ်မလာ လောကဓံလှိုင်းကြမ်းတွေတောက်လျှောက် မငြိမ်သတ်သေးသ၍
- အားလုံးက ဖြည်းဖြည်းလေးပါလား ဖြည်းဖြည်းလေးသာသွား နှေးနှေးကွေးကွေးနဲ့
- အတွေးဆွေးရေးလာသမျှ ဘယ်ဆော်မှ နေကြီးကိုလာပြီး မွှေးမွှေးမပေးပါလား…