ထင်ရှားစွာ ဖတ်ရှု့ရန် ပုံပေါ် ကလစ်ပါ .. ။
0 Comments
အမေရိကန် မှ ယာဉ်မောင်း တစ်ဦး ဖြစ်သော အင်ဒရူးလင်း သည် ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် သံချောင်းကြီး တစ်ချောင်းက ပါးစပ်မှ တစ်ဆင့် ၀င်ရောက်ကာ ဦးခေါင်းခွံ အနောက်ဘက် မှ နေ၍ နှစ်လက်မ အထိ ဖောက်ထွက် သွားသော်လည်း အသက်မသေကြောင်း သိရသည်။ အသက် ၃၄ နှစ် အရွယ်ရှိ ယာဉ်မောင်းသည်အိပ်ငိုက် သွားပြီးနောက် သူ၏ ကားမှာ ခြံစည်းရိုးတိုင် နှင့် တိုက်မိ သွားခြင်း ဖြစ်သည်။ ခြံစည်းရိုး သံချောင်းကြီး တစ်ချောင်းသည် သူ၏ ပါးစပ် မှ ဖောက်ဝင် ခဲ့သည်။ သူသည် လွန်ခဲ့သည့် နှစ် နိုဝင်ဘာလက လပ်စ်ဗေးဂတ်စ် မြို့တွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် ကောင်းစွာ ကျန်းမာလျက် ပုံမှန် အနေအထား အတိုင်း ပြန်လည် ရောက်ရှိ နေမည် ဖြစ်ကြောင်း သိရသည်။ မေလ ၉ ရက် နေ့ ည က ဗြိတိန်နိုင်ငံ ဆောက်သ်ဝေး ပြည်နယ် မာသာတစ်ဖဲလ် မြို့ရှိ နေအိမ်တွင် အီရင်မိုရန် (၁၀ နှစ်)သည် ပြတင်းပေါက်၌ ရှိနေစဉ် သူ့အား မိုးကြိုး ထိမှန်ခဲ့သည်။ မိုးကြိုးသည် ပြတင်းမှန်ကို ထိမှန်ကာ အီရင်၏ ဘယ်ဘက် လက်မောင်းသို့ ထိမှန် ခဲ့သည်။ ယင်းနောက် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းကာ ညာဘက် ခြေမမှ ပြန်ထွက် သွားခဲ့သည် ဟု ဆိုသည်။ မိုးကြိုး ထွက်ခွာသွားရာ နေရာတွင် အိပ်ခန်း ကော်ဇော၌ မီးလောင်ရာကြီး ပင် ကျန်ရစ်ခဲ့သည် ဟု ဆိုသည်။ သို့သော် အလွန် အံ့သြဖို့ ကောင်းစွာပင် အီရင်သည် မိုးကြိုး ပစ်စဉ် မှန်ကွဲစ ထိမှန်သည့် အမာရွတ် ကျန်ခဲ့သည်မှ လွဲ၍ မည်သည့် ထိခိုက်မှု မှ ဖြစ်ပေါ်ခြင်း မရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ မှ ဟွမ်ဂေါင်ဖူး (၄၁ နှစ်) သည် လေးနှစ်သား အရွယ်က ဆိုးဆိုးရွားရွား ဓာတ်လိုက်ခံ ရပြီး လက်နှစ်ဖက်စလုံး ဖြတ်ပစ်ခဲ့ ရသည်။ သို့သော် သူသည် ၁၂ နှစ် အရွယ် မှ စတင်၍ ခြေထောက်များကို အသုံးပြုကာ ပန်းချီ ရေးဆွဲရန် ကြိုးစား ခဲ့သည်။ သူသည် ယခုအခါ ခြေထောက်ဖြင့် သာမက ပါးစပ် နှင့် ပါ အလွန် လှပသော ပန်းချီကားများကို ရေးဆွဲ နိုင်သည်။သူသည် အသက် ၁၈ နှစ် အရွယ်တွင် ဖခင်ဖြစ်သူ မကျန်းမာ သောကြောင့် ကျောင်းမှ ထွက်ကာ ပန်းချီကားများ ရေးပြီး ပလက်ဖောင်းများ ပေါ်၌ ရောင်းချကာ အသက်မွေးခဲ့ ရသည်။ သို့သော် သူသည် ပန်းချီပညာကို ကြိုးစား ပမ်းစား လေ့လာခဲ့သောကြောင့် ယခုအခါ အသစ် ဖွင့်လိုက်သော ချုံကင်း ပြတိုက်၌ လက်ထောက် ကျမ်းပြုဆရာ အဖြစ် ခန့်အပ်ခံ ရကြောင်း သိရသည်။ ယခုအခါ သူ၏ ပန်းချီကားများ ကို ပြည်တွင်း ပြည်ပမှ ပန်းချီ စုဆောင်းသူများ က ပုံမှန် ၀ယ်ယူ နေကြကြောင်း သိရသည်။ |
ဟာသ ၊ ရသ ၊ ဗဟုသုတ သပ္ပံ ၊ စာပေ ထူးဆန်းထွေလာ
|